AD
AD
AD

ပြင်သစ်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Canal Plus က စီစဉ်တဲ့ အင်တာဗျူးမှာ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်မန်းဇ်က သူဟာ ပေါ့ဂ်ဘာနဲ့ အတူတူ ကစားရတာကို ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းအတွက် အတူတူ ပူးပေါင်းနေတဲ့ အခိုက်အတန့်မှာ ပေါ့ဂ်ဘာနဲ့ဂရစ်မန်းဇ်တို့ကို အတူတူမြင်တွေ့လေ့ရှိပြီး လေ့ကျင့်ရေးကွင်းမှာ သူတို့နှစ်ဦးဟာ ပျော်ရွှင်ရယ်မောစွာနဲ့ တွဲဖက်လေ့ကျင့်မှုတွေလည်း ရှိပါတယ်။

play

 

အင်တာဗျူးမှာတော့ ကစားသမားနှစ်ယောက်ကို တစ်ဦးနဲ့တစ်ဦး အင်တာဗျူးမေးမြန်းဖို့ စီစဉ်ခဲ့တာဖြစ်ပြီးတော့ ပေါ့ဂ်ဘာရဲ့ မေးမြန်းမှုအပေါ်ကို ဂရစ်မန်းဇ်က ဖြေကြားခဲ့ပါတယ်။

 

 " ငါတို့ နေ့တိုင်းအတူတူရှိနေခဲ့ရင်..." ဆိုပြီး ပေါ့ဂ်ဘာက မေးမြန်းခဲ့မှုကို ဂရစ်မန်းဇ်က -

play

 

" အရမ်းမိုက်တာပေါ့၊ မင်းနဲ့အတူတူ တစ်သင်းတည်း ကစာပြီးတော့ ဆုဖလားတွေ ရယူနိုင်မှာပါ" လို့  ပြန်လည် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလိုဖြေကြားမှုအပေါ်မှာ အခြားသောအဓိပ္ပာယ်တွေ မသက်ရောက်ကြောင်းကိုလည်း အက်သလက်တီကို တိုက်စစ်မှူးက ပြန်လည်ရှင်းပြခဲ့ပါတယ်။

play

 

" ဒီလိုပြောတာက မန်ချက်စတာယူနိုက်တက်ကို ကျွန်တော် သွားတော့မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး" လို့ ဂရစ်မန်းဇ်က ပြန်လည်ရှင်းလင်းခဲ့တာပါ။

play

 

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ဂရစ်မန်းဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း သူ အသင်းပြောင်းဖို့ ဆန္ဒရှိနေချိန်မှာ အက်သလက်တီကိုမက်ဒရစ်အသင်း အနေနဲ့ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှု ပြစ်ဒဏ်ကို ခံခဲ့ရတာကြောင့် ဂရစ်မန်းဇ်ဟာ အသင်းမှာ ဆက်နေဖို့အတွက် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဂရစ်မန်းဇ် နဲ့ ပေါ့ဂ်ဘာတို့ဟာ သောကြာနေ့က ကစားခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ ပွဲစဉ်မှာ ကစားခွင့်ရခဲ့ကြပြီး ပြင်သစ်အသင်းက ဦးဆောင်ဂိုး ၂ဂိုးနဲ့ အသာစီးရခဲ့ပေမယ့် ကိုလံဘီယာအသင်းက ၃ဂိုးပြန်လည်သွင်းယူခဲ့တာကြောင့် အရေးနိမ့်ခဲ့ပါတယ်။ လတ်တလော သတင်းများအရတော့ ဂရစ်မန်းဇ်ဟာ ဘာစိလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် သေချာနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD