AD
AD
AD

ဘာစီလိုနာအသင်းအနေနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဂရုဇ်မန်းကို ခေါ်ယူနိုင်ရေးအတွက် လာမယ့် ရက်ပိုင်း အတွင်း အက်သလက်တီကို တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

play
play

 

စပိန်ကလာတဲ့ သတင်းတစ်ရပ်အရ ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် နွေရာသီမှာ အသင်းရဲ့ အဓိက ပစ်မှတ် ဂရုဇ်မန်းကို ခေါ်ယူနိုင်ရေး အဓိ ကစွမ်းဆောင်နေပြီး ဇွန်လမှာစတင်မယ့် နွေရာသီဈေးကွက်မှာ ခေါ်ယူနိုင်မယ်လို့လည်း ယုံကြည်နေတယ်လို့ သိရပါတယ်။

play

 

ဂရုဇ်မန်းကိုယ်တိုင်ကလည်း ၎င်းရဲ့ အနာဂတ်ကို ကမ္ဘာ့ဖလား မတိုင်မီ ဆုံးဖြတ်မယ်လို့ ပြောထားသော်လည်း အက်သလက်တီကိုအသင်းက တော့ ၎င်းတို့ရဲ့ ကစားသမားကို ခေါ်ယူမယ့် အသင်းတစ်သင်းတည်းရှိနေတာကို မကျေမနပ်ဖြစ်နေတယ်လို့သိရပါတယ်။

ဘာစီလိုနာအနေနဲ့ ဂရုဇ်မန်းအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရို သန်း ၁၀၀ (ပေါင် ၈၇.၄ သန်း)သတ်မှတ်ထားကြောင်းနှင့် အနည်း ငယ်မျှသာ ပိုပေးဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်အသင်းတာဝန်ရှိသူများ မကြာမီ ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမှာ ဖြစ်ပြီး ဂရုဇ်မန်းရဲ့ လုပ်ခလစာကိုပါ ထည့်သွင်း ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။

ဂရုဇ်မန်းမှာ အက်သလက်တီကိုမှာ တစ်ပတ်လုပ်ခ ပေါင် ၁၉၃၀၀၀ ရရှိနေတာဖြစ်ပြီး ဘာစီလိုနာမှာ လစာငွေပိုမိုများပြားစွာရရှိဖို့ ရှိနေပြီး ဂိုး သွင်းလျှင်လည်း အပိုဆုကြေးရရှိဖို့အထိပါ ပါဝင်တယ်လို့ သိရပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD