AD
AD
AD

အမေရိကန် မေဂျာလိဂ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ မိုင်ယာမီ အသင်းကို ၀ယ်ယူထားတဲ့ အင်္ဂလန်ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်း က သူ့ရဲ့ အသင်းအတွက် ကမ္ဘာကျော် ကစားသမားတွေကို ၀ယ်ယူဖြည့်တင်းသွားမယ်လို့ ထုတ်ဖော်ပြောထားပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မန်ယူအသင်းမှ ဆွီဒင်တိုက်စစ်မှူးကြီး ဇလာတန်တစ်ယောက် မေဂျာလိဂ်ကလပ် LA ဂလက်ဇီအသင်းထံ ပြောင်းရွှေ့ ရောက်ရှိသွားခဲ့ပြီဖြစ်ဖြစ်ပြီး အဆိုပါ ကစားသမားကို ဒေးဗစ်ဘက်ခမ်းက ခေါ်ယူချင်နေခဲ့တာလို့လည်းသိရပါတယ်။

play

 

သို့သော်လည်း ယခုအချိန်မှ စတင်တည်ထောင်ထားဆဲဖြစ်တဲ့ဒေးဗစ်ရဲ့အသင်းဟာ မေဂျာလိဂ်မှာ ၀င်ရောက်ကစားနိုင်ခြင်းမရှိသေးပဲ ၂၀၂၀ ခု နှစ်မှသာ စတင် ပါဝင်ကစားနိုင်မှာလည်းဖြစ်ပါတယ်။

play

 

အဆိုပါ အသင်းကို ဒေးဗစ်ဘက်ခမ်းအနေနဲ့ မေဂျာလိဂ်မှာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်စေလိုနေတာဖြစ်ပြီး အသင်းအတွက်လည်း လက်ရှိ နာမည်ကြီးကစားသမားများထဲမှ ကမ္ဘာကျော် ၃ ဦးလောက်ကိုလည်း ခေါ်ယူဖြည့်တည်းပေးသွားမယ်လို့ ထုတ်ဖော်ပြောလာခဲ့ပါတယ်။

play

 

လက်ရှိ ၎င်း မျက်စိကျနေတဲ့ သူကတော့ နည်းပြတစ်ဦးနဲ့ ကစားသမား ၂ ဦးဖြစ်ပြီး ၎င်း ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့စဉ်က နည်းပြခဲ့တဲ့ နည်း ပြ အန်ဆယ်လော့တီကို ခေါ်ယူနိုင်ရေး ကြိုးပမ်းသွားမယ်လို့လည်းသိရပါတယ်။

၎င်းတို့ နှစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပြီး ဒေးဗစ်ဘက်ခမ်းက ၎င်းရဲ့ အသင်းကို နည်းပြစေချင်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း နည်းပြ အန်ဆယ်လော့တီအနေနဲ့ အသင်းလက်မဲ့ ဖြစ်နေတာကြောင့် ဒီအခြေအနေက ဖြစ်ပေါ်လာနိုင်ဖို့များနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။

ဆက်လက်ပြီး ကျန်ကစားသမားနှစ်ဦးအဖြစ် လက်ရှိ အဲဗာတန်အသင်းမှာ ကစားနေတဲ့ မန်ယူကစားသမားဟောင်း ၀ိန်းရွန်နီနဲ့ ရီးရဲအသင်းမှာ ကစားနေတဲ့ မန်ယူကစားသမားဟောင်း ရော်နယ်ဒိုတို့ကိုလည်း ခေါ်ယူနိုင်ရေး မျက်စိကျနေတယ်လို့ သိရပါတယ်။`

အဆိုပါကစားများရဲ့အသက်မှာ တစ်ဦးက ၃၂ နှစ်ရှိနေပြီး တစ်ဦးက ၃၃ နှစ်ရှိနေပြီဖြစ်ကာ ဘက်ခမ်းရဲ့အသင်းမှာ နောက်ထပ် နှစ်နှစ်အကြာ ၂၀၂၀ ခုနှစ်မှ စတင်မှာ ဖြစ်တာကြောင့်လည်း အဆိုပါ အချိန်ဆိုလျှင် ကစားသမားများရဲ့အသက်မှာ ၃၄ နဲ့ ၃၅ နှစ်ကို ရောက်ရှိနေတာကြောင့် လုပ်အားနှုန်းအရ မေဂျာလိဂ်ကို ပြောင်းဖို့ များနေတဲ့အသက်အရွယ်တွေကြောင့်လည်း ပြောင်းရွှေ့သွားဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြ လာပါတယ်။

Source- Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD