AD
AD
AD

တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ရောင်းချဖို့မဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်ဥက္ကဌ ရူမင်နစ်ဂီက ပြောကြားလိုက်ပါတယ်။

play

 

အသက် (၂၉) နှစ်အရွယ် ပိုလန်တိုက်စစ်မှူးဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် ၃၂ ဂိုးအထိ သွင်းယူပေးထားခဲ့ပြီးတော့ ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ လတွေအတွင်းမှာပဲ သူ့ရဲ့ အေးဂျင့်ကို အသစ်ပြောင်းလဲခဲ့ပြီးတော့ ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ကို အဆုံးသတ်ဖို့အတွက် ရည်မှန်းထားကြောင်းလည်း သိရပါတယ်။

play

 

ရူမင်နစ်ဂီကတော့ လွန်ခဲ့တဲ့ (၁၀) နှစ်က ဖရန့်ရီဘာရီကို ချယ်လ်ဆီးက ခေါ်ယူဖို့ ကြိုးစားခဲ့မှုကို မအောင်မြင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ခဲ့ပြီးတော့ ဘိုင်ယန်အနေနဲ့ အသင်းမှ အကောင်းဆုံးကစားသမားတွေကို ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

play

 

" ၂၀၀၈ ခုနှစ်တုန်းက ဖြစ်ရပ်ကို မမေ့နိုင်ပါဘူး၊ ချယ်လ်ဆီးအသင်းဟာ အံ့အားသင့်စရာကောင်းလိုက်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ရီဘာရီကို ကြိုးစားခဲ့ပါတယ်၊ ဒီနေ့တော့  ဘောလုံးလောကတစ်ခုလုံးသိအောင် ပြောချင်တာကတော့ ဘိုင်ယန်ရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီးတော့ ဘိုင်ယန်မြူးနစ်ကစားသမားတွေကို ဘယ်သူကမှ ၀ယ်ယူမှုပြုလုပ်နိုင်မှာ မဟုတ်ပါဘူး" လို့ ရူမင်နစ်ဂီက ပြောခဲ့ပါတယ်။

play

 

" ရောဘတ် (လီဝန်ဒေါစကီး) ဟာ အသင်းမှာ နောက်ရာသီအထိ ဆက်ရှိနေမှာ ၁၀၀% သေချာပါတယ်" လို့လည်း ရူမင်နစ်ဂီက အာမခံခဲ့ပါတယ်။  ဒါ့အပြင် ဘိုဒေါ့စ်အသင်းမှ တောင်ပံကစားသမား မယ်လ်ကွန်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်က ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာလည်း ရူမင်နစ်ဂီက ငြင်းဆန်ခဲ့ပြီးတော့ လိမ်လည်လှည့်ဖြားမှုတွေဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD