AD
AD
AD

ပြီးခဲ့တဲ့ ကြာသပတေးနေ့က မန်ယူအသင်းဟာ မိုဗစ်ကို စာချုပ်ဖျက်သိမ်းပေးခဲ့ပြီး အမေရိကန်မေဂျာလိဂ်ကလပ်ကို အပြီးသတ်ပြောင်းရွှေ့ခွင့်ပြု လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် မိုဗစ်အနေနဲ့ ၂၀၁၇ ခုနှစ် ဧပြီလ က ယူရိုပါလိဂ် ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

၎င်းအနေနဲ့ ယခုအခါမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီ ဖြစ်ပေမယ့်လည်း မန်ယူအသင်းမှာ ကစားခွင့်နည်းပါးလာခဲ့တာကြောင့် ၎င်းရဲ့ လက်ကျန်ကစားသာမးဘ၀ကို ကစားခွင့်ပိုမိုရရှိမယ့် မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။

အခုတော့ မေဂျာလိဂ် ကလပ် ဂလက်ဇီအသင်းနဲ့လည်းတရားဝင် စာချပ် ချုပ်ဆိုမှုတွေ ပြုလုပ်ခဲ့ပြီဖြစ်ကာ ၎င်းမန်ယူမှာရှိစဉ်က ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ဂျာစီကတော့ မန်ယူအသင်းမှာ ဒီအတိုင်းကျန်ရစ်နေခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် မိုဗစ်ထွက်ခွာသွားပြီးနောက် မန်ယူအသင်းမှာ ကျောနံပါတ် ၁၀ ဂျာစီကို ၀တ်ဖို့ ဘယ်ကစားသမား ဖြစ်လာမလဲဆိုတာ စိတ်ဝင်စား ဖွယ်ကောင်းနေတာလည်း ဖြစ်ပါတယ်။

ယင်းကဲ့သို့ ကျောနံပါတ် ၁၀ ဂျာစီကို ၀တ်ဆင်ဖွယ်ရှိမယ့် ကစားသမား (၅)ဦးကိုတော့ ခန့်မှန်း ဖော်ပြပေးလိုက်ပါတယ်။

play

 

(၅) အိန်ဂျယ်ဂိုမက်စ်
--------------------

နည်းပြမော်ရင်ဟိုလက်အောက်မှာ လစ်လျူရှုခြင်းခံထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ တစ်ကယ်တော့ ဒီကစားသမားလေးဟာ ၂၀၁၇ ယူ-၁၇ ကမ္ဘာ့ဖလားရ အင်္ဂလန်လူငယ်အသင်းရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင်လေးတစ်ဦးဖြစ်ပါတယ်။

၎င်းရဲ့ ကစားပုံက တိုက်စစ်မှူးရဲ့နောက်မှာ လိုက်ပါကစားရတာဖြစ်တာကြောင့်လည်း မန်ယူအသင်းမှာ ၀ိန်းရွန်နီ၊မိုဗစ်တို့ ၀တ်ဆင်ခဲ့တဲ့ ကျောနံ ပါတ် (၁၀) ဂျာစီနဲ့ သင့်တင့်တယ်လို့ မြင်မိပါတယ်။

သူ့ရဲ့ ပါးနပ်တဲ့ ကစားပုံတွေကလည်း သူ့ကို စောင့်ကြည့်စေခဲ့တာလည်း ဖြစ်ပါတယ်။လက်ရှိ မန်ယူအသင်းအနေနဲ့ သူ့ကို အခွင့်အရေးတွေ မဖန် တီးပေးဘူးဆိုရင်တော့ အခြားကလပ်အသင်းတစ်ခုကို ပြောင်းရွှေ့သွားဖွယ်ရှိနေပြီး ပြန်လိုက်ချင်တဲ့အခါကျရင်တော့ အရင်လို ၈၉ သန်းနဲ့ ပြန် ခေါ်နိုင်ဖို့ ခက်ခဲမယ့် အခြေအနေတစ်ခုကို မြင်နေမိပါတယ်။

play

 

(၄) ဂျူလီယန် ဒရက်ဇ်လာ
--------------------------

ဝုလ်ဖတ်အသင်းက ရောင်းထုတ်လိုက်တဲ့ ဂျာမနီရဲ့ တက်သစ်စ ခြေစွမ်းမြင့်လူငယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။မနှစ်က ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ပြောင်းခဲ့ပေမယ့်လည်း ပွဲထွက်ကစားသမားအတွက် ခက်ခဲနေပါသေးတယ်။

သတင်းတွေအရ လာမယ့်နှစ်မှာ အသင်းပြောင်းမယ်လို့ သိထားရပြီး မန်ယူအသင်းအနေနဲ့ ၎င်းကို ခေါ်ယူနိုင်ရေး ကြိုးပမ်းဖွယ်ရှိနေတယ်လို့ လည်း သိထားရတာဖြစ်ပါတယ်။

အသက် ၂၃ နှစ်သာရှိသေးတဲ့ ဒရက်ဇ်လာကို မော်ရင်ဟိုသာ ခေါ်ယူနိုင်ခဲ့ပါက မန်ယူအသင်းရဲ့ ကျောနံပါတ် ၁၀ ဆိုတာ သူအတွက်ဖြစ်ဖို့ များနေတယ်လို့ မြင်ပါတယ်။

play

 

(၃) ဂျိမ်းရိုဒရီဂွက်
------------------

၂၀၁၄ ကမ္ဘာ့ဖလားမှာ ထွန်းတော်ခဲ့တဲ့ ဂျိမ်းကို ရီးရဲက ခေါ်ယူခဲ့ပါတယ်။အခုတော့ ဘိုင်ယန်မြူးနစ်မှာကစားနေပြီး နှစ်နှစ်စာချုပ်သက်တမ်း ကြောင့် ယခုနှစ်အကုန်မှာစာချုပ်ပြည့်မှာဖြစ်ပါတယ်။

ဂျာမန်အသင်းနဲ့အတူ ကစားကွက်အံမ၀င်သလို တိုက်စစ်မှူး လီဝန်ဒေါစကီးကိုလည်း မကျော်နိုင်တာကြောင့် နေရာပေးခြင်းမခံရပဲ ရှိနေကာ ယခုနှစ်မှာဆိုရင်လည်း ၂၇ ပွဲကစားပေးထားပြီး ၄ ဂိုးသာသွင်းယူပေးထားနိုင်တာလည်းဖြစ်ပါတယ်။

၎င်းအနေနဲ့ ပရီးမီးယားလိဂ်ကိုလာဖို့ သတင်းထွက်နေပြီး လီဗာပူး၊ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ အပြိုင်ကြိုးပမ်းဖွယ်ရှိနေကာ မန်ယူအသင်းသာ ခေါ်ယူနိုင်ခဲ့ပါကသူ့ရဲ့ အကြိုက်ဆုံး နံပါတ်လို့ ဆိုရမယ့် လစ်လပ်နေတဲ့ ကျောနံပါတ် ၁၀ ကိုတောင်းဆိုဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

play

 

(၂) ပါအိုလို ဒိုင်ဘာလာ
-----------------------

ဒိုင်ဘာလာကတော့ လက်ရှိ ဂျူဗင်တပ်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားနေပေမယ့်လည်း အာဂျင်တီးနားနည်းပြ ဆမ်ပါအိုလီကတော့ အသင်းရဲ့ ခြေစမ်းပွဲကစားမယ့် လူစာရင်းမှာ ထည့်သွင်းခြင်းမပြုခဲ့ပါဘူး။

အကြောင်းကတော့ ကစားကွက်နဲ့ အံ့မ၀င်ဘူးဆိုကာ ၎င်းအပါအ၀င် အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီကိုပါ ပြုမူခဲ့တာ ဖြစ်ပါတယ်။

ဒါရဲ့ အဓိက အကြောင်းကတော့ ဥရောပမှာ အနည်းငယ် ပြိုင်ပွဲအားလျော့နေတဲ့ အီတလီစီးရီးအေရဲ့ ရိုက်ချက်လို့ ယူဆထားပုံရပြီး အသင်း ပြောင်းဖို့ စိတ်အားထက်သန်နေတာလည်းဖြစ်ပါတယ်။

အသက် ၂၄ နှစ်သာရှိသေးပြီး မန်ယူအသင်းအပါအ၀င် ရီးရဲ၊အက်သလက်တီကိုတို့က လိုက်နေတာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းသာ ခေါ်ယူဖြစ်ခဲ့ပါက သူ့ရဲ့ မူလ ကျောနံပါတ် ၁၀ကိုသာ ပေးရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

play

 

(၁) မားကို့စ် ရက်ရှ်ဖို့ဒ်
-----------------------

မန်ယူအသင်းရဲ့ လက်ရှိလူငယ်ကစားသမားတွေထဲမှာ အထွန်းတောက်ဆုံး ကစားသမားလေးလည်း ဖြစ်ပါတယ်။သူ့ရဲ့ အခြားလူသိများတဲ့ နာ မည်ကတော့ အသဲစွဲဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က နည်းပြ ဗန်ဟားနဲ့အတူ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလန်ကို သူ့ရဲ့ ခြေစွမ်းတွေနဲ့အံ့အားသင့်စေခဲ့သူပါ။ဒါ့အပြင် မန်ယူအသင်းရဲ့ အဓိက ပွဲစဉ်တွေမှာ ပါဝင်ခွင့်ရခဲ့သလို အာဆင်နယ်၊ချဲလ်ဆီး၊မန်စီးတီးနဲ့ လီဗာပူးအသင်းဖက်တွေကို သွင်းဂိုးတွေ သွင်းယူပြီး မန်ယူအသင်း အတွက် အရေးပါသူ ဖြစ်လာခဲ့ပါတယ်။

အသက် ၂၀ သာရှိသေးပြီး ဒီနှစ်မှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ဂိုးအထိသွင်းယူထားပေးသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ကို အခြားအ သင်းတွေကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပြီး မန်ယူအသင်းအနေနဲ့ သူ့ကို မက်မောစေမယ့် လစာမျိုးတွေ အခြား ခံစားခွင့်တွေနဲ့အတူ စာချုပ် သက်တမ်း တိုးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

အဆိုပါ အချက်တွေထဲမှာ လစ်လပ်နေတဲ့ ကျောနံပါတ် ၁၀ လေးကိုလည်း သူ့ရဲ့ ကျောမှာတပ်ပေးခြင်းမျိုးလည်း ပါဝင်တာပေါ့။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD