AD
AD
AD

မတ်လ (၂၇) ရက်နေ့၊ အင်္ဂါနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့သတင်းများနဲ့ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

- မန်ယူနည်းပြ မော်ရင်ဟို နဲ့ လုခ်ရှောတို့ရဲ့ ပြသနာကို အခွင့်ကောင်းယူပြီး ဘာစီလိုနာအသင်းဟာ လုခ်ရှောကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ လုခ်ရှောဟာ မန်ယူနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပြိး ရာသီကုန်မှာ အသင်းကထွက်ခွာဖွယ် ရှိနေပါတယ်။

play

 

- Sky Sports ရဲ့ ဖော်ပြမှုအရဆိုရင်တော့ ဘာစီလိုနာအသင်းဟာ ဂရစ်မန်းဇ်ကို ခေါ်ယူဖို့အတွက် FFP စည်းမျဉ်းက အတားအဆီးဖြစ်နေတယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ မန်ယူနဲ့ချယ်လ်ဆီးတို့က ဂရစ်မန်းဇ်ကို လုပ်ခလစာပိုပေးပြီးတော့ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

play

 

- ရီးရဲလ်ကွင်းလယ်လူ ကိုဗာချစ်ကို ခေါ်ယူဖို့အတွက် ရိုးမားအသင်းက ကြိုးစားနေပါတယ်။ ရိုးမားအားကစားဒါရိုက်တာ မွန်ချီက ရီးရဲလ်အနေနဲ့ ငွေကြေးလိုအပ်နေတယ်လို့ ဆိုခဲ့ပြီးတော့ ခရိုအေးရှားကွင်းလယ်လူကို ခေါ်ယူရန် လွယ်ကူမယ်လို့ ထင်မြင်နေတာလည်း ဖြစ်ပါတယ်။

play

 

- မန်စီးတီးအသင်းဟာ ရီးရဲလ်ကွင်းလယ်တိုက်စစ်ကစားသမား အစ္စကိုကို ခေါ်ယူဖို့ ပေါင် ၇၅သန်းအထိ သုံးစွဲမှာ ဖြစ်ကြောင်း The Sun က ရေးသားထားပါတယ်။ စပိန်လက်ရွေးစင်လည်းဖြစ်သူ အစ္စကိုဟာ ဂွာဒီယိုလာလက်အောက်မှာ မကစားချင်တာမို့ မန်စီးတီးရဲ့ ကမ်းလှမ်းမှု (၂)ကြိမ်ကို ငြင်းပယ်ခဲ့ဖူးပါတယ်။

play

 

- ဘာစီလိုနာမှာ မပျော်ရွှင်ဘူးလို့ သတင်းထွက်နေတဲ့ နောက်ခံလူ အမ်တီတီအနေနဲ့ မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့ရင် ပျော်ရွှင်မိမှာဖြစ်ကြောင်း မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ယူရိုသန်း ၆၀ စာချုပ်လျော်ကြေးရှိတဲ့ အမ်တီတီကို မန်ယူအသင်းက တစ်နှစ်လုပ်ခ ယူရို ၉ သန်းထိ ပေးချေသွားဖို့ ရှိကြောင်းလည်း သိရပါတယ်။

play

 

- မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းလည်း ပါဝင်လာပြီလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဖယ်လိုင်နီဟာ မန်ယူနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒမရှိတာကြောင့် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

Source : goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD