AD
AD
AD

၂၀၁၈ ခုနှစ်အတွင်းမှာ စီရော်နယ်ဒိုထက် ပိုပြီးတော့ ကောင်းမွန်တဲ့ စွမ်းရည်ကို ပြသနိုင်တဲ့ ကစားသမားဟာ ကလပ်အသင်းမှာရော၊ နိုင်ငံအသင်းတွေမှာပါ မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း မနေ့ညက ကစားခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ပွဲစဉ်မှာတော့ နာမည်ကျော် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပုံစံကောင်းပျောက်ဆုံးနေခဲ့ပြီးတော့ ပေါ်တူဂီအသင်းဟာ ၀-၃ ဆိုတဲ့ရလာဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

play

 

ဒီပိုင်း၊ ရွိုင်ရယ်ဘာဘယ်နဲ့ ဗန်ဒိုက်တို့ရဲ့ သွင်းဂိုးတွေနဲ့ နယ်သာလန်အသင်းက အနိုင်ရခဲ့တာဖြစ်ပါတယ်။ နယ်သာလန်အသင်းရဲ့ နောက်တန်းမှာတော့ ဗန်ဒိုက်၊ ဒီလစ်၊ နသန်အကီတို့ ပွဲထွက်လာခဲ့ပြီး စီရော်နယ်ဒိုနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ အီဂျစ်အသင်းနဲ့ ပွဲစဉ်မှာ စီရော်နယ်ဒိုက ၂ဂိုးသွင်းယူခဲ့ပြီးတော့ ပေါ်တူဂီအသင်း အရေးနိမ့်မယ့်အဖြစ်ကို ရှောင်လွှဲနိုင်ခဲ့ပေမယ့် နယ်သာလန်နဲ့ပွဲစဉ်မှာတော့ စီရော်နယ်ဒိုဟာ ကစားခွင့်ရခဲ့တဲ့ ၆၈ မိနစ်မှာ ပုံစံကောင်းပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

play

 

အဲဒီပွဲစဉ်မှာ စီရော်နယ်ဒို ဂိုးမသွင်းနိုင်ခြင်းဟာ ဖေဖော်ဝါရီ ၃ရက်နေ့က ကစားခဲ့တဲ့ လီဗန်တေးနဲ့ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ဆုံးပြီးနောက် အခုတစ်ခါ ဂိုးမသွင်းနိုင်တာလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ နယ်သာလန်အသင်း ဂိုးပေါက်ကို တစ်ကြိမ်မျှ ကန်သွင်းခွင့်မရခဲ့ပဲနဲ့ ဒါဟာ သူ့အတွက်တော့ ဒီနှစ်ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ ကလပ်အသင်းအတွက်ရော၊ နိုင်ငံအသင်းအတွက်ပါ ဂိုးကန်သွင်းခွင့် မရခဲ့တဲ့ ပထမဆုံးသော ပွဲစဉ်ဖြစ်လာခဲ့ပါတယ်။

play

 

ပြိုင်ပွဲစုံ နောက်ဆုံး (၉) ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူထားခဲ့တဲ့ စီရော်နယ်ဒိုဟာ နယ်သာလန်အသင်းရဲ့ နောက်တန်းကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် လွယ်ကူမှုမရှိခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း နယ်သာလန်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်က ဂိုးသွင်းယူနိုင်ခဲ့ပြီး အခြားနောက်ခံလူ ဒီလစ်ဂ်ျကတော့ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

play

 

ပေါ်တူဂီအသင်းကတော့ ခြေစစ်ပွဲမအောင်ခဲ့တဲ့ နယ်သာလန်အသင်းကို အရေးနိမ့်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေသေးကြောင်း ထင်ရှားခဲ့ပါတယ်။ ပေါ်တူဂီကတော့ ကမ္ဘာ့ဖလားပွဲမှာ အုပ်စု (ဘီ) အတွင်း ကျရော်ကနေပြီး အီရန်၊ မော်ရိုကို၊ စပိန် အသင်းတို့နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

Source : goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD