AD
AD
AD

ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှာ နယ်သာလန်အသင်းက ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ပထမပိုင်းမှာပင် ၃ ဂိုးဆက်တိုက် ပေးလိုက်ရတဲ့ ပေါ်တူဂီအနေနဲ့ ဒုတိယပိုင်းမှာလည်း ကစားသမားတစ်ဦး နှစ်ဝါတစ်နီနဲ့ ထပ်မံ ထွက်ခဲ့ရတာ ကြောင့် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခြင်းမရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဆွစ်ဇာလန်နိုင်ငံမှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ပရိသတ်အတော်များများ လာရောက် အားပေးခဲ့ကြပြီး ပွဲအပြီးမှာတော့ အချို့သော ပရိသတ် တွေဟာ ကွင်းအတွင်း ၀င်ရောက်ခဲ့တာလည်း သိရပါတယ်။

play

 

အဆိုပါ ပရိသတ်တွေထဲမှ တစ်ဦးသောသူမှာ ရော်နယ်ဒိုကို ကွင်းအတွင်း ရှာဖွေတွေ့ရှိခဲ့ပြီး အံ့အားသင့်ဖွယ်အပြုအမူနဲ့ ရော်နယ်ဒိုအပေါ် ဆက် ဆံခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ အပြုအမူကတော့ ရော်နယ်ဒို ဘယ်လိုမှ ထင်မှတ်ထားလောက်မှာ မဟုတ်တဲ့ ရော်နယ်ဒိုရဲ့ ဘယ်ဖက် ပါးပြင်ကို ဖက်နမ်းလိုက်တာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ရော်နယ်ဒိုက အခန်းအတွင်းပြန်လည်ထွက်ခွာသွားချိန်မှာလည်း တောက်လျှောက် ဓာတ်ပုံအတူရိုက်ဖို့ ကြိုးစားနေခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက်ကတော့ အခုလိုမျိုး အနမ်းခံခဲ့ရခြင်းမှာ ပထမဆုံး အကြိမ် ဟုတ်လောက်မယ်မထင်ပဲ ယခင်ကလည်း များစွာသော အမျိုးသမီး ဘောလုံး ပရိသတ်တွေက ရော်နယ်ဒိုကို ချစ်ခင်မှုဖြင့် အနမ်းများပေးဖူးတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်ကတော့ အရင်တုန်းက ပေးခဲ့သူတွေရဲ့ အနမ်းမျိုးနဲ့ လုံးဝမတူတာတော့ အသေအချာပင်ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ထားပေမယ့်လည်း နယ်သာလန်အသင်းကတော့ အောင်မြင်ထားခြင်းမရှိပါဘူး။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD