AD
AD
AD

ဘယ်လ်ဂျီယံအသင်းရဲ့ ကြယ်ပွင့် အီဒင်ဟာဇက်က မိမိကို မက်ဆီနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုနေတာမျိုးက မဖြစ်သင့်ကြောင့် ယူဆခဲ့ပြီး မက်ဆီက ပိုမိုထူးချွန်တဲ့ ကစားသမားဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

play

 

ဘယ်လ်ဂျီယံနဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟာ မက်ဆီနဲ့ နှိုင်းယှဉ်ပြောဆိုနေခြင်းဟာ ကြီးကျယ်ခမ်းနားလွန်းပြီး မက်ဆီက ပွဲတိုင်းဂိုးသွင်းနိုင်တဲ့ ကစားသမားတစ်ဦးလို့ မှတ်ချက်ပြုခဲ့ပါတယ်။

play

 

ဟာဇက်ဟာ သူ့ရဲ့ ကစားပုံနဲ့ပတ်သက်ပြီး မက်ဆီနဲ့ မကြာခဏဆိုသလို နှိုင်းယှဉ်ခံနေရတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်လ်ဆီးအသင်း အမှတ်ပေးဖလားဆွတ်ခူးခဲ့စဉ်က ဟာဇက်ဟာ ၁၆ဂိုး သွင်းယူပေးခဲ့ပြီး အသင်းကို ကူညီပေးနိုင်ခဲ့ပါတယ်။ ဒီအခြေအနေအပေါ်မှာ ဟာဇက်ကို မက်ဆီနဲ့ ခိုင်းနှိုင်းခဲ့တာဖြစ်ပြီး ဟာဇက်က ငြင်းပယ်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

"မက်ဆီနဲ့ နှိုင်းယှဉ်တာမျိုး မပြုလုပ်ကြပါနဲ့၊ ဒါက မဖြစ်နိုင်ပါဘူး၊ ကျွန်တော်က သူ့ထက်စာရင် သေးငယ်တဲ့ ကစားသမားဖြစ်ပြီးတော့ မက်ဆီက ပွဲတိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားပါ" လို့ ဟာဇက်က ပြောကြားခဲ့ပါတယ်။

play

 

ဘယ်လ်ဂျီယံအသင်းကတော့ နိုင်ငံတကာခြေစမ်းပွဲအဖြစ် အင်္ဂါနေ့မှာ ဆော်ဒီအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဟာဇက်ဟာ ဘယ်လ်ဂျီယံအသင်းရဲ့ အရေးအပါဆုံး ကစားသမားဖြစ်ပြီးတော့ ကမ္ဘာ့ဖလားမျှော်လင့်ချက်အတွက် ဘယ်လ်ဂျီယံ ရွှေရောင်မျိုးဆက်တွေထဲမှာ အဓိကအကျဆုံး ကစားသမားဖြစ်တယ်လို့ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Source : goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD