AD
AD
AD

အီတလီအသင်း၏ နောက်ခံလူ ဘိုနူချီက အင်္ဂလန်အသင်းမှ လူငယ်ကစားများ၏ ခြေစွမ်းအပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။

play

 

ဒီနေ့ညမှာတော့ အီတလီအသင်းဟာ အင်္ဂလန်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အင်္ဂလန် လူငယ်ကစားသမားများရဲ့ အတွေ့အကြုံဟာ အီတလီအသင်းအတွက် စိုးရိမ်စရာကောင်းကြောင်း ဘူနူချီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

အီတလီအသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှုမရှိပြီးနောက်မှာ ပြန်လည်ပြုပြင်ဆဲအနေအထားဖြစ်ပြီးတော့  ၁၉၅၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တာလည်း ဖြစ်ပါတယ်။  အေစီမီလန်အသင်းခေါင်းဆောင် ဘိုနူချီက ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းအပေါ် အထင်ကြီးနေခဲ့ပြီး  အီတလီအသင်းအနေနဲ့ အင်္ဂလန်အပေါ် သတိထားသင့်ကြောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

play

 

" အရမ်းကောင်းမွန်တဲ့ အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်၊  သူတို့ဟာ အရည်အချင်းပြည့်ဝပြိးတော့ လူငယ်ကစားသမားတွေကလည်း နိုင်ငံတကာပွဲစဉ် အတွေ့အကြုံကြွယ်ဝပါတယ်" လို့ ဘိုနူချီက ပြောကြားခဲ့ပါတယ်။

 

" ကျွန်တော်တို့အနေနဲ့ စိတ်အားထက်သန်မှု လိုအပ်ပြီးတော့ ဒီပွဲအတွက် နိုင်ပွဲရဖို့ မျှော်လင့်ရမှာပါ၊ အင်္ဂလန်နဲ့ပွဲမှာ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ပြသာနာတွေကို ဖြေရှင်းဖို့ ကြိုးစားရမှာလည်း ဖြစ်ပါတယ်" လို့ ဘိုနူချီက သတိပေးခဲ့ပါတယ်။

play

 

အီတလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့ခြင်းမရှိခဲ့ပဲ လွဲချော်ခဲ့တာဖြစ်ပြီးတော့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

play

 

" ကျွန်တော်တို့အသင်းက လူငယ်ကစားသမားတွေက နိုင်ငံတကာပွဲအတွေ့အကြုံနည်းပါးပါတယ်၊ ဒါကြောင့်မို့ အင်္ဂလန်အသင်းနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်တာမျိုး မပြုလုပ်စေချင်ပါဘူး၊ ဒီခြေစမ်းပွဲဟာ လူငယ်တွေအပေါ် စောင့်ကြည့်တာမျိုး ဖြစ်ပြီးတော့ ပရိသတ်တွေအနေနဲ့ အဓိကအခြေအနေကို နားလည်ဖို့ မျှော်လင့်ပါတယ်၊  ကျွန်တော်တို့အသင်းက လူငယ်တွေအနေနဲ့ ဒီထက်မက တိုးတက်ဖို့ မျှော်လင့်ပါတယ်" လို့လည်း ဘိုနူချီက ပြောကြားခဲ့ပါတယ်။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD