AD
AD
AD

ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းကို ပရိသတ်အတော်များများဟာ နည်းပြ ဖာဂူဆန်တွဲပြီး မြင်တွေ့လေ့ရှိကာ သူ့လက်ထက်မှာ မန်ယူ အသင်းဟာ အတော်လေး အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မန်ယူအသင်းကို ရောက်ရှိခဲ့ပြီးမှ နာမည်ကျော်လူသိများထင်ရှားခဲ့တဲ့ ကစားသမားတွေကလည်း ဒုနဲ့ဒေး တည်ရှိနေပြီး ဥပမာ ပြရမယ် ဆိုရင်တော့ ရော်နယ်ဒို၊ဒေးဗစ်ဘက်ခမ်းတို့ပဲ ဖြစ်ပါတယ်။

ဒီလိုပဲ မန်ယူအသင်းဟာ အောင်မြင်ပြီး ခြေစွမ်းမြင့်မားတဲ့ ကစားသမားတွေကိုလည်း ခေါ်ယူအသုံးပြုလေ့ရှိပြီး ၎င်းခေါ်ယူလိုက်တော့မှပဲ ခြေ စွမ်းပိုင်းသိသိသာသာကျဆင်းခဲ့ရကာ စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရတဲ့ ကစားသမားတွေလည်းရှိပါတယ်။

အဆိုပါ ကစားသမားတွေထဲက ပရိသတ်တွေ မှတ်မိနေစေမယ့် ကစားသမား(၅)ဦးကတော့ -

play

 

(၅) အိန်ဂျယ် ဒီမာရီယာ
------------------------

ရီးရဲမက်ဒရစ်အသင်းမှာ ၄ နှစ်ကြာ ကစားခဲ့ပြီးနောက် ဒီမာရီယာဟာ မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲအ ပြီးမှာ မန်ယူအသင်းကိုရောက်ရှိခဲ့ပြီး ယူရို ၇၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့အချိန်တုန်းကဆိုရင်တော့ ဒီမာရီယာရဲ့ အပြောင်းအရွှေ့ တန်ကြေးဟာ ဗြိတိန်ရဲ့ အမြင့်မားဆုံး အပြောင်းအရွှေ့လည်း ဖြစ်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ ဒီမာရီယာဟာ သူ့ရဲ့ မြင့်မားတဲ့ခြေစွမ်းနဲ့ သွင်းဂိုးတွေနဲ့အတူ မန်ယူပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့သလို ၂၀၁၄ခုနှစ်အတွက် အာဂျင်တီးနား တစ်နှစ်တာ အကောင်းဆုံးဆုကိုလည်းဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူကို ရောက်ပြီး ဒုတိယရာသီဝက် နည်းပြဗန်ဂါးလက်ထက်မှာတော့ ခြေစွမ်းပိုင်း စတင်ကျဆင်းခဲ့ပြီး အရံခုံမှာ ထိုင်ရတဲ့အထိ ဖြစ်လာခဲ့ပါပြီ။ နောက်ဆုံးတော့ စာချုပ်သက်တမ်း တစ်နှစ်အကျန်မှာပင် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းထံ ရောင်းထုတ်ခြင်းခံခဲ့ရပါတော့တယ်။ ပီအက်စ် ဂျီအသင်းဟာ ဒီမာရီယာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းသာ ပေးချေခဲ့တာကြောင့် မန်ယူအသင်းနစ်နာခဲ့သလို အသင်းအတွက်လည်း ဒီမာရီယာဟာ ကစားခဲ့တဲ့ ပွဲပေါင်း ၃၂ ပွဲမှာ ၄ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

play

 

(၄) မက်ဖစ် ဒီပေး
------------------

အားလုံးသော ဘောလုံးပရိသတ်ထင်မြင်ခဲ့ကြတာက ဒီပေးဟာ အကောင်းဆုံး ဘောလုံးသမား ဖြစ်လာမယ်လို့ပေါ့။နယ်သာလန်လိဂ်မှာ အသက် ၂၁ နှစ်အရွယ်နဲ့ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ဒီပေးအတွက်တော့ မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်ကြီးပေါ့။

၂၀၁၄ ခုနှစ်မှာလည်း နယ်သာလန်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်မှုကြောင့်လည်း မန်ယူအသင်းက အခြားသော အသင်းတွေထက် လက်ဦးမှု ရ ယူပြီး မန်ယူအသင်းကို ခေါ်ယူခဲ့ပါတယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးကိုတော့ မန်ယူအသင်းဟာ ယူရို ၃၄ သန်းသာ ပေးချေခဲ့ရတယ်လို့လည်း သိရပါတယ်။

၎င်းရဲ့ စစချင်းပွဲဖြစ်တဲ့ ဘရုဂျက်နဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲမှာ ၂ ဂိုးသွင်းပြီး ၁ဂိုးဖန်တီးပေးခဲ့တာကြောင့် မန်ယူပရိသတ်တွေရဲ့ မျှော်လင့်ချက် တွေ စတင်ခဲ့ပါတော့တယ်။

၎င်းရဲ့အကြောင်းကို နည်းပြ ဗန်ဂါးလ်နဲ့ အသင်းခေါင်းဆောင် ရွန်နီတို့ကိုယ်တိုင်က ထုတ်ဖော်ပြောခဲ့ပေမယ့်လည်း ဒီပေးဟာ ဘရုဂျက်နဲ့ ပွဲက ခြေစွမ်းကို ပရီးမီးယားလိဂ်ကို ယူမလာနိုင်ခဲ့ပါဘူး။

၁ နှစ်ခွဲအကြာမှာတော့ မန်ယူအသင်းဟာ ၎င်းကို ယူရို ၁၆ သန်းနဲ့ လိုင်ယွန်အသင်းထံ ရောင်းချလိုက်ရတဲ့အထိ ခြေစွမ်းညံ့ဖျင်းခဲ့ရပါတော့ တယ်။ မန်ယူအသင်းမှာ ကစားခဲ့စဉ် ၅၃ ပွဲမျာ ၇ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

(၃) ဖယ်လ်ကာအို
------------------

ပေါ်တိုအသင်းနဲ့အတူ ဂိုးတွေ အမြောက်အမြားသွင်းယူနိုင်မှုကြောင့် စပိန်ကလပ် အက်သလက်တီကိုအသင်းက ခေါ်ယူခဲ့ပါတယ်။ အဲ့နောက် မိုနာကို အသင်းထံ ငွေကြေးကြောင့် သွားရောက်ခဲ့ပြီးနောက်မှာတော့ မန်ယူအသင်းကအငှားနဲ့ ခေါ်ယူခဲ့ပါတော့တယ်။

ယူရိုပါလိဂ်မှာ ဂိုးသွင်းဘုရင်ဆုနဲ့ ချန်ပီယံဆုတွေ အလီလီဆွတ်ခူးထားတဲ့ ဒီကစားသမားအပေါ် မန်ယူအသင်းအများကြီး မျှော်လင့်ခဲ့တာပါ။

ယူရိုပါလိဂ်ကို ၂နှစ်ဆက် မတူညီတဲ့ အသင်းနှစ်သင်းနဲ့ ဗိုလ်စွဲခဲ့လို့လည်း ၎င်းကို နာမည်ပြောင်အဖြစ် ယူရိုပါလိဂ် ဘုရင်လို့ ခေါ်ဝေါ်ခဲ့ကြပါ သေးတယ်။

မန်ယူကို ရောက်ချိန်မှာတော့ ယူရိုပါလိဂ် အဆင့်နဲ့ မတူညီတဲ့ အဆင့်တစ်ခုကို ဖယ်လ်ကာအိုစတင်တွေ့ရှိခဲ့ပါတော့တယ်။စိတ်ပျက်ဖွယ် ခြေစွမ်းကို မန်ယူအသင်းမှာ သက်သေပြလိုက်တဲ့ နောက်မှာတော့ မန်ယူအသင်းဟာ ၎င်းကို အပြီ။းသတ်ခေါ်ယူခြင်းမပြုတော့ပဲ မိုနာကို အသင်းထံ ပြန်လည်စေလွှတ်ခဲ့ပါတော့တယ်။

ဖယ်လ်ကာအိုဟာ မန်ယူမှာရှိစဉ် ၂၉ ပွဲကစားခဲ့ပြီး ၄ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

(၂) ဝေးလ်ဖရက် ဇာဟာ
------------------------

ခရစ္စတယ်ပဲလေ့စ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဟာဟာ ၁၈ နှစ်အရွယ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ စတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။

၂၀၁၃မှာ ခရစ္စတယ်ပဲလေ့စ် တန်းတက်ခွင့်ရခဲ့တဲ့နှစ်မှာတော့ ယူနိုက်တက်ဟာ ယူရို ၁၂သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ယူနဲ့ အဆင့်မမီတဲ့ ဇာဟာဟာ မန်ယူအသင်းနဲ့အတူ ၂ ပွဲသာ ကစားခွင့်ရခဲ့ပြီးနောက် အသင်းဟောင်းဖြစ်တဲ့ ခရစ္စတယ် ပဲ လေ့စ်အသင်းထံ ယူရို ၄ သန်းနဲ့ ပြန်လည်ရောင်းချခြင်းခံခဲ့ရပါတယ်။

လက်ရှိမှာတော့ ဇာဟာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်နေသလို ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်း ဆုံး တိုက်စစ်မှူးလည်း ဖြစ်နေပါပြီ။

play

 

(၁) ဘီဘီ
----------

Youtube  ပေါ်မှာ နာမည်ကြီးခဲ့တဲ့ ဘီဘီကို ခေါ်ယူစာချုပ်မိခဲ့တာဟာ မန်ယူအသင်းနဲ့ နည်းပြအဖွဲ့ဝင်တွေအတွက် အကြီးမားဆုံးအမှားတစ်ခု ဖြစ်ခဲ့ပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူး ဘီဘီကို ယူရို ၁၀ သန်းနဲ့ မန်ယူအသင်းခေါ်ယူခဲ့တာ ဖြစ်ပြီး မန်ယူအသင်းခေါ်ယူခဲ့ချိန်အထိ ၎င်းရဲ့ အသင်းနဲ့ ပွဲထွက် ကစားခွင့်လုံးဝ မရရှိသေးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Youtube မှာ မြင်နေရတဲ့ ဘီဘီရဲ့ စကေးတွေကြောင့် မန်ယူပရိသတ်တွေနဲ့ အသင်းတို့က ဘီဘီကို မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့မှာ လုံးဝ ပြောင်းပြန်ဖြစ်နေခဲ့ပါတယ်။

မန်ယူမှာ ရှိနေစဉ် ၄ နှစ်အတွင်း ၂ ပွဲသာ ကစားခွင့်ရခဲ့ပြီး လက်ရှိမှာတော့ စပိန်ဒုတိယတန်း ကလပ် ဗယ်လက်ကာနိုအသင်းမှာ ကစားနေတယ် လို့ သိရပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD