AD
AD
AD

ဘယ်လ်ဂျီယံနဲ့ ချဲလ်ဆီး တောင်ပံ ကစားသမား အီဒင်ဟာဇက်က ၎င်းကို မက်ဆီနဲ့ နှိုင်းယှဉ်ပြောနေတာတွေနဲ့ ပတ်သက်ပြီး အခုလို ထုတ်ဖော် ပြောခဲ့ပါတယ်။

play

 

ပရိသတ်တွေနဲ့ နည်းပြအချို့က ဟာဇက်နဲ့ မက်ဆီတို့ရဲ့ ကွင်းအတွင်းကစားဟန်တွေနဲ့ ပတ်သက်ပြီး ခိုင်းနှိုင်းပြောဆိုနေတာလည်း ဖြစ်ပါတယ်။

play

 

ဟာဇက်မှာ ယခုနှစ်တွင် ချဲလ်ဆီးအတွက် ၁၆ ဂိုးသွင်းယူပေးထားနိုင်ပြီး မက်ဆီနဲ့ ကစားပုံတူညီတယ်လို့ ပြောဆိုနေခြင်းကို ငြင်းဆန်ခဲ့တာ လည်း ဖြစ်ပါတယ်။

" ကျွန်တော်တို့ နှစ်ယောက်ကို နှိုင်းယှဉ်လို့ မရပါဘူး။ဒါကမဖြစ်နိုင်ပါဘူး။ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ တူညီတာက လူကောင်သေးတာနဲ့ အပြေးမြန်တာပဲ ရှိပါတယ်။သူကကျွန်တော့်ထက် ပွဲတိုင်းနီးပါး ဂိုးပိုသွင်းထားနိုင်ပါတယ်။" လို့ ဟာဇက်က ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

ဟာဇက်မှာ လက်ရှိတွင် နိုင်ငံတကာခြေစမ်းပွဲအတွက် ဘယ်လ်ဂျီယံအသင်းနဲ့ အတူ ပူးပေါင်းနေပြီး ဆော်ဒီအာရေဗျအသင်းကို ၄-၀ ဂိုးနဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD