AD
AD
AD

ကြာသာပတေးနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများနဲ့ အခြားသတင်းများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

 

- Diario Gol ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။ မန်ယူက စီရော်နယ်ဒိုကို တစ်နှစ်လုပ်ခ ယူရိုသန်း ၃၀ အထိ ပေးချေပြီးတော့ အိုးထရက်ဖို့ဒ်ကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။

play

 

- ရာဟင်စတာလင်ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် မန်စီးတီးအသင်းက လမ်းဖွင့်ပေးထားကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၂၀ဂိုး သွင်းယူပေးထားပြီး ၁၁ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ စတာလင်နဲ့ မန်စီးတီးအသင်းတို့ဟာ စာချုပ်သက်တမ်းနှစ်နှစ် ကျန်ရှိနေသေးပေမယ့် မန်စီးအသင်းက ကာလရှည်စာချုပ် ချုပ်ဆိုဖို့ ဆန္ဒရှိနေပါတယ်။

play

 

- အာဆင်နယ်ကွင်းလယ်လူ ၀ီရှိုင်းယားကို ခေါ်ယူဖို့ အဲဗာတန်အသင်းက ကြိုးစားနေကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။ ရာသီကုန်မှာ အာဆင်နယ်နဲ့အတူ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ် ၂၆နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူက အာဆင်နယ်မှာ ဆက်ရှိနေချင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ အဲဗာတန်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ်တောင်ပံကစားသမား သီယိုဝဲလ်ကော့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

play

 

- လီဗာပူးလ်ကွင်းလယ်လူ အဒမ်လယ်လာနာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့အတွက် နေရာတစ်နေရာ ရရှိမယ်လို့ ယုံကြည်နေကြောင်း ပြောဆိုခဲ့ပါတယ်။ သူနဲ့ နည်းပြဆောက်ဂိတ်တို့ရဲ့ ကြားက ဆက်ဆံရေးကလည်း ကောင်းမွန်မှုရှိတယ်လို့ လယ်လာနာက ဖွင့်ဟပြောကြားခဲ့ပြီး ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။

play

 

- စနေနေ့မှာ ကစားရမယ့် LA Galaxy နဲ့ LAFC တို့ရဲ့ ဒါဘီပွဲစဉ်မှာ တိုက်စစ်မှူးအီဘရာဟီမိုဗစ်ခ်ျပါဝင်မှာဖြစ်တယ်လို့ ကလပ်အသင်းက ကြေငြာခဲ့ပါတယ်။ ကြာသာပတေးနေ့က အသင်းကို ရောက်ရှိလာခဲ့ပြီးနောက် မိုဗစ်ခ်ျဟာ သောကြာနေ့မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြုလုပ်မှာဖြစ်ပြီး စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဒါဘီပွဲစဉ်ကို ၀င်ရောက်ကစားခွင့် ရရှိတော့မှာလည်း ဖြစ်ပါတယ်။

play

 

- လာဇီယိုအသင်းဟာ သူတို့ရဲ့ ကစားသမား ဆာဗစ်အတွက် တန်ကြေးကို ယူရိုသန်း ၉၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ကလပ်အသင်းကြီးများစွာက စိတ်ဝင်စားနေတဲ့ ကွင်းလယ်ခံစစ်ကစားသမားအတွက် လာဇီယိုက တန်ဖိုးမြင့်မားစွာ ရရှိလိုနေပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမားကို အလွယ်တကူလက်လွှတ်ခံမှာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD