AD
AD
AD

အင်္ဂါနေ့က ကစားခဲ့တဲ့ ရုရှအသင်းနဲ့ပြင်သစ်အသင်းတို့ရဲ့ ခြေစမ်းပွဲအတွင်းမှာ ပြင်သစ်ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပြင်သစ်ကစားသမားတွေဖြစ်တဲ့ ပေါလ်ပေါ့ဂ်ဘာ နဲ့ အူစမန်ဒမ်ဘီလီတို့ နှစ်ဦးဟာ ပွဲချိန်အတွင်း လူမျိုးရေးခွဲခြားမှု ခံခဲ့ရတာဖြစ်ပါတယ်။

play

 

" ဖီဖာအနေနဲ့ ပွဲချိန်အတွင်းအစီရင်ခံမှုတွေကို စုစည်းနေပါတယ်၊ ဒါ့အပြင် ရုပ်သံတွေကတဆင့် ဒီလိုမျိုးပြုမူတဲ့သူတွေလည်း ပြန်လည်ကြည်ရှုသွားမှာပါ" လို့ ဖီဖာပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။  " တိကျခိုင်လုံတဲ့ သတင်းအချက်အလက်တွေရရှိဖို့ ကြိုးစားနေပါတယ်၊ လောလောဆယ်တော့ ဘာမှတ်ချက်မှမပြောနိုင်သေးတာကို နားလည်ပေးစေချင်ပါတယ်" လို့လည်း သူက တောင်းဆိုခဲ့ပါတယ်။

play

 

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီတို့ကို ပစ်မှတ်ထားပြီး လူမျိုးရေးခွဲခြားခဲ့တာ ဖြစ်ပါတယ်။ ဒမ်ဘီလီကတော့ ထောင့်ကန်ဘောကန်ဖို့ သွားရောက်စဉ်မှာ (၂) ကြိမ်တိုင်တိုင် " မျောက် " လို့ ခေါ်ဆိုခံခဲ့ရတာဖြစ်ပြီး ပေါ့ဂ်ဘာကတော့ ပွဲချိန် ၇၃မိနစ်မှာ ပြောဆိုခံခဲ့ရကြောင်း AFP ရဲ့ ဓာတ်ပုံသမားတစ်ယောက်က အတည်ပြုပြောကြားခဲ့ပါတယ်။

play

 

ပြင်သစ်အားကစားဝန်ကြီး ဖလက်စ်ဆဲလ်ကတော့ -

" ဘောလုံးပွဲအတွင်းမှာ လူမျိုးရေးခွဲခြားမှုအတွက် နေရာမရှိပါဘူး၊ ကျွန်တော်တို့တွေ ညီညီညွှတ်ညွှတ်နဲ့ တုံ့ပြန်ရမှာဖြစ်ပြီးတော့ ဒီလိုမျိုးလက်မခံနိုင်တဲ့ အပြုအမူတွေကို ဆန့်ကျင်သွားရပါ့မယ်" လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

play

 

ရုရှနိုင်ငံမှာတော့ လူမျိုးရေးခွဲခြားမှုတွေဟာ ဒီဘက်နှစ်တွေမှာ တော်တော်လေးများပြားနေခဲ့ပြီး စပါးတပ်မော်စကို နဲ့ လိုကိုမိုးတစ်တို့ရဲ့ပွဲမှာလည်း လိုကိုမိုးတစ်ဂိုးသမား မာရီနာတိုလည်း လူမျိုးရေးခွဲခြားခံခဲ့ရပြီး ရုရှဘောလုံးအဖွဲ့ချုပ်က စပါးတပ်အသင်းကို နောက်ဆုံးအကြိမ်သတိပေးခဲ့ပါတယ်။ ဒါ့အပြင် စိန့်ပီတာစဘက်ကွင်းကြီးထဲမှာ အခုလိုလူမျိုးရေးခွဲခြားခဲ့တာဟာ သုံးကြိမ်မြောက်ဖြစ်လာခဲ့ပြီးတော့ ဇင်းနစ်အသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ် (၂)ပွဲမှာလည်း ရုရှပရိသတ်တွေဟာ ပြိုင်ဘက်အသင်းမှ ကစားသမားများကို လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ စိန့်ပီတာစဘက်ကွင်းကတော့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို လက်ခံကျင်းပမယ့် ကွင်းကြီးလည်း ဖြစ်ပါတယ်။

Source : espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD