AD
AD
AD

မတ်လ (၃၀) ရက်နေ့၊ သောကြာနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရရှိထားတဲ့  ဘောလုံးသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

- Don Balon ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းကလည်း ဘေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ဘေးလ်ကို ရောင်းထုတ်ဖို့အတွက် ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်ပြီး ချယ်လ်ဆီးအသင်းကတော့ ဟာဇက်အသင်းမှ ထွက်ခွာခဲ့ရင် ပြန်လည်ဖြည့်ဆည်းမှုတစ်ခုအဖြစ်နဲ့ ဘေးလ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

play

 

- အသင်းနည်းပြ ယာဒင်အနေနဲ့ မိုနာကိုအသင်းက ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေက မဟုတ်မှန်ကြောင်း မိုနာကိုအသင်းရဲ့ ဒု-ဥက္ကဌ ဗက်ဆီယက်ဗ်က ပြောဆိုခဲ့ပါတယ်။ ယာဒင်ဟာ အာဆင်နယ်နည်းပြရာထူးကို စိတ်ဝင်စားနေခဲ့ပြီးတော့ မိုနာကိုအသင်းနဲ့ လမ်းခွဲတော့မယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

- ဂရစ်မန်းဇ်ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် ဘာစီလိုနာအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ၀ီလီယံကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒါဟာ ဘာကာရဲ့ အရန်အစီအစဉ်တစ်ခုဖြစ်ပြီး ၀ီလီယံရဲ့ တန်ကြေးကတော့ ယူရိုသန်း ၅၀ ခန့် ရှိတယ်လို့ သိရပါတယ်။

play

 

- Mirror ရဲ့ ရေးသားမှုအရဆိုရင်တော့ မန်စီးတီးအသင်းဟာ အစ္စကို ကို ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်ရှိနေကြောင်း သိရပါတယ်။ ပေါင်၇၅သန်း ပေးချေဖို့လည်း မန်စီးတီးဘက်က အသင့်ဖြစ်နေပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အစ္စကိုဟာ မန်စီးတီးရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်တယ်လို့လည်း Mirror က ဖော်ပြခဲ့ပါတယ်။

play

 

- ဟာရီကိန်း မပါဝင်နိုင်ပေမယ့်လည်း စပါးအသင်းဟာ အန္တရာယ်ပေးနိုင်တဲ့ အသင်းလို့ ချယ်လ်ဆီးနည်းပြ ကွန်တီက သတိပေးစကားဆိုခဲ့ပါတယ်။ ချယ်လ်ဆီး နဲ့ စပါးအသင်းတို့ဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်စဉ်အဖြစ် ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲလည်း ဖြစ်တာမို့ ကွန်တီက ပြိုင်ဘက်ကို လျှော့မတွက်ဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

- ဂရိစူပါလိဂ်ပွဲစဉ်မှာ ကွင်းအတွင်းကို သေနတ်နဲ့အတူ ၀င်ရောက်ခဲ့တဲ့ PAOK အသင်း ဥက္ကဌဟာ ဒဏ်ကြေးငွေ ယူရို တစ်သိန်း ပေးဆောင်ခဲ့ရပြီး ဘောလုံးလောကမှ (၃) နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။ PAOK အသင်းကတော့ ဒဏ်ကြေးအဖြစ် ယူရို(၆၃၀၀၀) ပေးဆောင်ခဲ့ရပြီး ရမှတ် (၃) မှတ်အလျှော့ခံခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD