AD
AD
AD

ရုရှကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖီဖာက ဒိုင်လူကြီးများရွေးချယ်ခဲ့ရာမှာ ဗြိတိန်ဒိုင်လူကြီး တစ်ဦးမှ ပါဝင်လာခဲ့ခြင်း မရှိကြောင်း သိရပါတယ်။ ဒါဟာ ၁၉၃၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရွေးချယ်မခံခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

နာမည်ကျော်ကွင်းလယ်ဒိုင် မာ့ခ်ကလက်တန်ဘာ့ဂ်ျကတော့ ဖီဖာရဲ့ ရွေးချယ်မှုကို မကြာခဏရရှိခဲ့တဲ့ ဗြိတိန်ဒိုင်တစ်ဦးဖြစ်ပြီး လာမယ့်ကမ္ဘာ့ဖလားပွဲမှာလည်း ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလက်တန်ဘာ့ဂ်ျက ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးအဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ယူရို ၂၀၁၆ ဗိုလ်လုပွဲဖြစ်တဲ့ ပေါ်တူဂီ နဲ့ ပြင်သစ်တို့ရဲ့ ပွဲမှာ ကလက်တန်ဘာ့ဂ်ျဟာ ကွင်းလယ်ဒိုင်အဖြစ် ရွေးချယ်ခံခဲ့ရပြီးတော့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာတော့ သူဟာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ ဒိုင်လူကြီးအကြီးအကဲအဖြစ် တာဝန်ယူသွားခဲ့ပါတယ်။

play

 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကလက်တန်ဘာ့ဂ်ျရဲ့ နေရာမှာ အခြားဒိုင်လူကြီးတစ်ဦးကို အစားထိုးဖို့ ဖီဖာကို တောင်းဆိုခဲ့ပေမယ့်လည်း ဖီဖာက ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားမှာ စတင်ကျင့်သုံးမယ့် ဗီဒီယိုစောင့်ကြည့်စနစ် (VAR) အတွက် ဒိုင်လူကြီးများ ရွေးချယ်ရာမှာလည်း ဗြိတိန်ဒိုင်လူကြီးတစ်ဦးမှ ပါဝင်လာခြင်း မရှိခဲ့ကြောင်း သိရပါတယ်။ ဒီစနစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် စတင်အသုံးပြုမှာလည်း ဖြစ်ပါတယ်။

play

 

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အနည်းဆုံး ဗြိတိန်ဒိုင်လူကြီးတစ်ဦး ပါဝင်ခဲ့ပြီးတော့ အခုလိုမျိုး မပါဝင်လာခြင်းဟာ နှစ်ပေါင်း (၈၀)အတွင်း ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ (၂) ခုမှာဆိုရင်လည်း အင်္ဂလန်နာမည်ကျော်ကွင်းလယ်ဒိုင် ဟောင်းဝပ်ဝက်ဘ်က ဗြိတိန်ကိုယ်စားပြု ပါဝင်ကိုင်တွယ်ခွင့် ရခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ဟောင်းဝပ်ဝက်ဘ်ဟာ စပိန်နဲ့နယ်သာလန်တို့ရဲ့ ဗိုလ်လုပွဲကို ကိုင်တွယ်ခွင့် ရခဲ့တဲ့အထိ တာဝန်ယူခဲ့ရသူ ဖြစ်ပါတယ်။

play

 

ဖီဖာရဲ့နောက်ဆုံးအပြီးသတ် ရွေးချယ်မှုများအရ အင်္ဂလန်နာမည်ကျော်ဒိုင်လူကြီးတွေဖြစ်တဲ့ မာတင်အက်ကင်ဆန်၊ စတူးအာ့အက်ဝဲလ်၊ ရောဘတ်မက်ဒလေ၊ မိုက်ကယ်အိုလီဗာ၊ ခရိတ်ပေါဆွန်၊ အန်သိုနီတေလာ နဲ့ ပေါလ်တီယာနေးတို့ဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခြင်းမခံခဲ့ရတာ ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD