AD
AD
AD

လာ့ပါးမတ်စ်အသင်းနှင့် ကစားရမည့် လာလီဂါပွဲစဉ်မှာ ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒို ပါဝင်မှာ မဟုတ်ပဲ အနားပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်တွေမှာ ပေါ်တူဂီအသင်းအတွက် နှစ်ပွဲစလုံးကို ပါဝင်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အနေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ ကစားရမယ့်ပွဲမှာ စီရော်နယ်ဒိုကို ကြံ့ခိုင်မှုပြည့်ဝနေစေဖို့အတွက် လာလီဂါမှာ အနားပေးထားမှာလည်း ဖြစ်ပါတယ်။ လာလီဂါချန်ပီယံဆုအတွက် မျှော်လင့်ချက်မရှိတော့တဲ့ အနေအထားမှာ ရီးရဲလ်ဟာ ချန်ပီယံလိဂ်ကို သုံးကြိမ်ဆက်တိုက် ဆွတ်ခူးဖို့အတွက်ပဲ အာရုံစိုက်နေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

လာလီဂါဂိုးသွင်းဘုရင်ဆုအတွက် မက်ဆီနဲ့ အကြိတ်အနယ်ဖြစ်နေတဲ့ အချိန်မှာ စီရော်နယ်ဒို ပါဝင်ကစားဖို့ မရှိတာဟာ မက်ဆီအတွက်လည်း အခွင့်အရေးတစ်ခုဖြစ်လာဖွယ်ရှိပါတယ်။ လက်ရှိမှာ မက်ဆီနဲ့စီရော်နယ်ဒိုတို့ကြား ၃ဂိုးသာ ကွာခြားပြီးတော့ ပီချီချီဆုအတွက် ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။

play

 

စီရော်နယ်ဒိုကတော့ ကလပ်အသင်းအတွက် ပြိုင်ပွဲစုံမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမှာတော့ သူ့ကို ကြံ့ခိုင်မှုအပြည့်နဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD