AD
AD
AD

ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းဟာ တာထွက်ကောင်းခဲ့သလို လက်ရှိအချိန်ထိလည်း ပုံစံကောင်းကို ထိန်းသိမ်းထားနိုင်ဆဲပါ။

လက်ရှိမှာလည်း  လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာကို ၂၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၇၂ မှတ်နဲ့ ရယူထားနိုင်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကိုပါဒယ်ရေး ရှုံးထွက်ပွဲစဉ်မှာလည်း ဗိုလ်လုပွဲကို ရောက်ရှိနေပြီ ဖြစ်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်ကို ရောက်ရှိနေ ပြီလည်း ဖြစ်ပါတယ်။

ဒီအချိန်မှာ ဘာစီလိုနာအသင်းအတွက် ယခုလို ဖလား ၃ လုံးလမ်းကြောင်းပေါ်မှာ ရှိနေစေတဲ့ အကြောင်းရင်း (၃)ချက်ကလည်း ရှိနေပါတယ်။

play

 

(၃) ဗယ်လ်ဗာဒီ
---------------

နည်းပြဗယ်လ်ဗာဒီဟာ ဘာစီလိုနာအသင်းကိုယခုနှစ်မှ စတင်တာဝန်ယူ ကိုင်တွယ်တာ ဖြစ်ပြီး ၎င်းစတင်ကိုင်တွယ်တဲ့နှစ်မှာပင် ပြိုင်ပွဲဝင်ပြိုင်တဲ့ ဖလားတိုင်းကို ရယူနိုင်ဖို့ အခွင့်အရေးလည်း ရှိနေတာ ဖြစ်ပါတယ်။

ဗယ်လ်ဗာဒီ ရောက်ရှိပြီးနောက် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ နေမာကို ပီအက်စ်ဂျီအသင်းကို ရောင်း ထုတ်ခဲ့တာကြောင့်လည်း ဝေဖန်မှုအချို့နဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

အဲ့နောက်ပိုင်းမှာတော့ ဗယ်လ်ဗာဒီဟာ ဘာစီလိုနာအသင်းကို ၄-၄-၂ ကစားကွက် အခင်းအကျင်းနဲ့ ပြောင်းလဲ ကျင့်သုံးခဲ့ပြီး ယခုလို နိုင်ပွဲတွေ ကို စွမ်းဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

နေမာကိုရောင်းရငွေတွေနဲ့ ဗယ်လ်ဗာဒီဟာ ဘာစီလိုနာကို ပေါ်လင်ဟိုနဲ့ ကော်တင်ဟို၊ဒမ်ဘီလီတို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပြီး ယနေ့လိုအချိန် မျိုးဖြစ်အောင်စွမ်းဆောင်ပေးထားတာ ဖြစ်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် နည်းပြသစ်တစ်ယောက်အနေနဲ့ ပထမဆုံးသော တာဝန်ယူတဲ့ ရာသီမှာ ဖလား ၃ လုံး လမ်းကြောင်းပေါ်မှာ ရပ်တည်နေအောင် စွမ်းဆောင်ပေးထားနိုင်တာကိုတော့ မချီးကျူးပဲ နေလို့တော့ မရပါဘူး။

play

 

(၂) အကောင်းဆုံး ခံစစ်ကို ပိုင်ဆိုင်ထားခြင်း
--------------------------------------------

နေမာထွက်ခွာပြီးနောက် ဗယ်လ်ဗာဒီ ပြုပြင်ခဲ့တဲ့ အပိုင်းက ခံစစ်ပါ။ ဘာစီလိုနာရဲ့ ခံစစ်ဟာ လက်ရှိမှာ ဥရောပရဲ့ အကောင်းဆုံး ခံစစ်လို့ တောင် မှတ်တမ်း ၀င်နေပါပြီ။

အကြောင်းကတော့ ဒီနှစ် လာလီဂါမှာ ပေးဂိုး ၁၃ ဂိုးသာ ရှိထားတာလည်း ဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက်တော့ အကောင်းဆုံး ခံစစ်နဲ့ တွေ့ကြုံနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံပြိုင်ပွဲမှာလည်း ၂ ပွဲသာ ဂိုးပေးထားရတာလည်း ဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေကိုပဲ ရေတွက်နေဖို့ မသင့်ပါဘူး။အကောင်းဆုံး ခံစစ်မရှိပဲနဲ့တော့ အကောင်းဆုံး တိုက်စစ်လည်း ဖြစ်မလာနိုင်ပါဘူး။ပူယိုးလ်အနားယူပြီးနောက်ပိုင်း တွဲ ဖက်ကောင်း ရှားပါးခဲ့ရပါတယ်။အခုတော့ ပြင်သစ် နောက်ခံလူ အူမီတီက ဒီကွက်လပ်ကို အကောင်းဆုံးဖြည့်ဆည်းပေးနေနိုင်ပြီလည်း ဖြစ်ပါ တယ်။ ဂိုးသမား သားစတီးဂန်းကလည်း တိုးတက်လာလျက်ရှိပြီး လက်စွမ်းပိုင်း တည်ငြိမ်နေတာတွေကလည်း အကောင်းဆုံး ခံစစ်ကို ဖြစ်ပေါ် နေစေတာလည်း ဖြစ်ပါတယ်။

လာလီဂါနဲ့ချန်ပီယံလိဂ် ပွဲစုစုပေါင်း ၃၇ ပွဲကစားပြီးချိန်မှာ ဘာစီလိုနာအသင်းက ၁၅ ဂိုးသာ ပေးဂိုးရှိနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဆုံး ခံစစ်ကို ပိုင်ဆိုင်ထားရခြင်းကလည်း ဗယ်လ်ဗာဒီရဲ့ နည်းစနစ်ပိုင်းအပြင် ခံစစ်မှူးတွေရဲ့ တည်ငြိမ်မှုကလည်း အခုလို ဖလား ၃ လုံး လမ်းကြောင်းပေါ်မှာ ရောက်နေစေခဲ့တာ ဖြစ်ပါတယ်။

play

(၁) မက်ဆီ
-----------

ဘာစီလိုနာရဲ့ အောင်မြင်မှုတွေကို ပြောရင် ဘလွန်းဒီအော ၅ ဆုရှင် မက်ဆီက ဖယ်ထားလို့မရပါဘူး။ ဘာစီလိုနာက ယခုတစ်ကြိမ် မတိုင်ခင် ဖလား ၃ လုံး ရရှိခဲ့တဲ့ နှစ် နှစ်နှစ်ရှိပါတယ်။ ၂၀၀၈-၀၉ နဲ့ ၂၀၁၄-၁၅ခုနှစ်တွေမှာ ရရှိခဲ့တာ ဖြစ်ပြီး မက်ဆီအကောင်းဆုံး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ချဲလ်ဆီးကို ၃ ဂိုး သွင်းယူပြီးနောက် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုး ၁၀၀ ပြည့်မြောက်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

သူဟာ ရော်နယ်ဒိုထက် ၁၄ ပွဲလျော့ကစားပြီး ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်လို့ ချန်ပီယံလိဂ် ဂိုး၁၀၀ကို ပွဲအနည်းဆုံးနဲ့ စံချိန်တင်ထားတာ လည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဘာစီလိုနာအသင်းအတွက် ၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်တာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် တိုးအာေးတွ၊ဂိုးသွင်းအားတွေ ကလည်း ဘာစီလိုနာအသင်း ဖလား ၃ လုံးလမ်းကြောင်းပေါ် ရောက်ရှိနေရတဲ့ အဓိက အကြောင်းရင်းအဖြစ် ပါဝင်နေတာလည်း ဖြစ်ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD