AD
AD
AD

ရီးရဲမက်ဒရစ်အသင်းဟာ ယခုနှစ်ရာသီအစမှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ခြေစွမ်းပိုင်း ပြန်လည် တည် ဆောက်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက ယနေ့အချိန်အထိ လာလီဂါ၊ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ် ၃ ကြိမ် ဆွတ်ခူးထားတဲ့ ရီးရဲအတွက် ဒီနှစ်မှာ မျှော်လင့်ချက် ကလည်း ချန်ပီယံလိဂ် ဆုဖလားပဲ ကျန်ပါတော့တယ်။

ရီးရဲမက်ဒရစ်အသင်း သမိုင်းတစ်လျှောက် စိတ်ပျက်ဖွယ် အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးတဲ့အထဲမှာမှမကြာသေးခင် နှစ်အနည်းငယ်အတွင်းက စိတ်ပျက်ဖွယ် ဖြစ်ရပ် (၅)ရပ်ကို ဖော်ပြပေးလိုက်ပါတယ်။

play

 

(၅) ရီးရဲ ၀-၃ ဘာစီလိုနာ(၂၀၁၇-၁၈ လာလီဂါ)
----------------------------------------------

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတုန်းက ကစားခဲ့တဲ့ အယ်ကလက်စီကို ပွဲစဉ်ကတော့ ရီးရဲအတွက် စိတ်ပျက်စရာတွေကို ယူဆောင်လာခဲ့ပါ တယ်။

၁၁ မှတ် လျော့နည်းနေချိန် အိမ်ကွင်းမှာ ဧည့်ခံကစားခွင့်ရခဲ့တာ ရီးရဲအတွက် အကောင်းဆုံးအမှတ်ကွာဟမှု လျော့ချနိုင်မယ့် အခွင့်အရေး ဖြစ်ခဲ့ ပေမယ့်လည်း အသုံး မချနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာတော့ ဧည့်သည် ဘာစီလိုနာအသင်းက အိမ်ရှင် ရီးရဲကို ဆွာရက်ဇ်၊မက်ဆီ၊ဗီဒယ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၀ ဂိုးနဲ့ အနိုင်ရရှိ ပြီး အမှတ်ကို ပိုမို ကွာဟစေခဲ့ပါတယ်။

ဒါကြောင့်လည်း ယခုအချိန်မှာ ရီးရဲဟာ လာလီဂါမှာ အဆင့် ၃ နေရာကို ရောက်ရှိနေရပြီး ဆုဖလး မျှော်လင့်ချက် နည်းပါးနေခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

(၄) ဒေါ့မွန် ၄-၁ ရီးရဲ(၂၀၁၃-၁၄ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်)
----------------------------------------------------------

အဆိုပါ ပွဲစဉ်တုန်းက ရီးရဲက ကွင်းလယ်လူ ၃ ယောက်တောင်ထားပြီးဒေါ့မွန်ရဲ့တိုက်စစ်ကို ဟန်တားဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အလုပ်မဖြစ်ခဲ့ ပါဘူး။

ဂန်ဒိုဂန်၊ဂေါ့ဇီ၊မာကိုရူးစ်တို့ရဲ့ အတိုးအလှုပ်တွေကို ရီးရဲ ဘယ်လိုမှ မဟန့်တားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ရီးရဲအတွက် အဓိက ဒုက္ခ ရောက်ခဲ့တဲ့ အပိုင်းက ဒေါ့မွန် တိုက်စစ်မှူး လီဝန်ဒေါစကီးကို လုံးဝ မထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ရီးရဲအသင်းဟာ ပွဲအစ ၈ မိနစ်မှာပင် ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ ပထမပိုင်း ပြီးဆုံးဖို့ ၂ မိနစ်အလိုမှာတော့ ရီးရဲ တိုက်စစ် မှူး ရော်နယ်ဒိုက ချေပဂိုး ပြန်သွင်းပေးနိုင်ခဲ့လို့ ပထမပိုင်းမှာတော့ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာ ရီးရဲ ပြန်လာဖို့ အခွင့်အရေး ရှိနေဆဲ ဖြစ်ပေမယ့်လည်း ဒုတိယပိုင်း ပြန်စလို့ ၅ မိနစ်အကြာမှာပင် ဒေါ့မွန်က ဒုတိယ ဦးဆောင်ဂိုး ထပ်ရခဲ့ပါတယ်။ဒီဂိုးကိုလည်း တိုက်စစ်မှူး လီဝန်ကပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲ့နောက် နောက်ထပ် ၅ မိနစ်အကြာမှာနောက်ထပ်တစ်ဂိုးနဲ့ နောက်ထပ် ၁၁ မိနစ်အကြာမှာ နောက်ထပ် ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့တာ ကြောင့်ပွဲအပြီးမှာ ဒေါ့မွန်က ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ဒေါ့မွန်အတွက် သွင်းဂိုး ၄ ဂိုးစလုံးကို တိုက်စစ်မှူး လီဝန်ဒေါ စကီးတစ်ဦးတည်းက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယအကျော့မှာ ရီးရဲက ၂-၀ နဲ့ ပြန်လည်အနိုင်ရခဲ့ပေမယ့်လည်း နှစ်ကျော့ပေါင်း ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်က ထွက်ခဲ့ရပါတယ်။

play

 

(၃) အက်သလက်တီကိုအသင်းရဲ့ အောင်ပွဲ(၂၀၁၃-၁၄လာလီဂါ)
---------------------------------------------------------------

အသင်းတစ်သင်းအတွက် စိတ်ပျက်ဖွယ်အခိုက်အတန့်က ကိုယ်မအောင်မြင်လို့ မဟုတ်ပဲ ကိုယ့်ရဲ့ မဟာပြိုင်ဖက် အောင်မြင်နေတာကို ထိုင် ကြည့်နေရတာပဲ ဖြစ်ပါတယ်။

ဒီလို အခိုက်အတန့်မျိုး ရီးရဲအသင်းလည်း ကြုံတွေ့ခဲ့ရပြီး ၂၀၁၃-၁၄ ခုနှစ်က အက်သလက်တီကိုအသင်း အောင်မြင်မှုကို ကြည့်နေခဲ့ရတာ ဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းဟာ အဆိုပါ အချိန်က ၁၉၉၆ နောက်ပိုင်း လာလီဂါ အမှတ်ပေးဖလား ကိုပထမဆုံး အကြိမ် ပြန်လည်ဆွတ်ခူးနိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။

ယင်းကဲ့သို့ ဆွတ်ခူးချိန်မှာ ရီးရဲက ရမှတ် ၃မှတ်တည်းနဲ့ ကပ်ခံခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်ဖက်ကို အာရုံစိုက်နေရချိန်မှာ အခုလို လက်လွှတ်ခဲ့ရ တာလည်း ဖြစ်ပါတယ်။

play

 

(၂) ဘာစီလိုနာ ၃-၂ ရီးရဲ(၂၀၁၁-၁၂ စူပါ ကိုပါဖလား)
------------------------------------------------------

၂၀၁၀-၁၁ ခုနှစ်မှာ လာလီဂါဆုကို လက်လွှတ်ခဲ့ရပြီးနောက် ရီးရဲအတွက် မကျေပွဲပြန်နွှဲဖို့ အခွင့်အရေးက စူပါဖလား မှာ ပြန်လည်ကြုံနေခဲ့ ပါတယ်။

ပထမအကျော့ ဘာနေဗျူးမှာ ၂-၂ သရေကျနေခဲ့ပြီး ဒုတိယအကျော့ နူးကမ့်မှာ ကစားနေချိန်မှာလည်း ၈၇ မိနစ်ရောက်တဲ့အထိ ၂-၂ ဂိုး သရေ ထပ်မံ ထွက်ပေါ်နေခဲ့ပြန်ပါသေးတယ်။

ဒါပေမယ့်လည်း ပွဲပြီးဖို့ ၂ မိနစ်လောက်အလိုမှာတော့ မက်ဆီက ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး စူပါဖလားကိုပါ လက်လွှတ်ခဲ့ရပါတယ်။

ဒီဖလားကတော့ ရာသီအစမတိုင်ခင်မှာ လာလီဂါ ချန်ပီယံနဲ့ ကိုပါဒယ်ရေး ချန်ပီယံတို့ ကစားတဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

တစ်ဂိုးရှုံးနေပြီးနောက် အချိန်ကလည်း မကျန်တော့ချိန်မှာ ရီးရဲနောက်ခံလူ မာဆယ်လိုက ဘာစီလိုနာက ဖာဘရီဂတ်ကို တက်နင်းသလို ပြု မူ ခဲ့တာကြောင့် နှစ်ဖက် အသင်းသားများ အငြင်းပွားမှု စတင်ပါတော့တယ်။

ကွင်းလယ်ဒိုင်က မာဆယ်လိုကို အနီကဒ်ပြထုတ်ပယ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆက်လက်အငြင်းပွားခဲ့ကြပြီး ဘာစီလိုနာက ဒေးဗစ်ဗီလာနဲ့ ရီးရဲက အိုလ်ဇေးတို့ပါ ထပ်မံ အထုတ်ခံခဲ့ရပြန်ပါတယ်။ အဆိုးဆုံးကတော့ ရီးရဲနည်းပြ မော်ရင်ဟိုရဲ့ ဘာစီလိုနာ နည်းပြ ဗီလာနိုဗာကို လက်ညှိုးနဲ့ မျက် စိကို ထိုးခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ နောက်ဆုံးတော့ အငြင်းအခုံတွေသာ အဖတ်တင်ခဲ့ပြီး ရီးရဲအသင်းလည်း အရှုံးသံသရာထဲမှာ ဆက်လက် လည်နေခဲ့ပါတော့တယ်။

play

 

(၁) ဘာစီလိုနာ ၅-၀ ရီးရဲမက်ဒရစ်(၂၀၁၀-၁၁ လာလီဂါ)
--------------------------------------------------------

ဒီပွဲက ရီးရဲ သမိုင်းမှာ ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်တစ်ခု အဖြစ်ရှိနေခဲ့ပါတယ်။၂၀၀၉ ခုနှစ်မှာ ရော်နယ်ဒို စရောက်ခဲ့ပေမယ့်လည်း ရော်နယ် ဒိုအနေနဲ့ ရီးရဲကို အကောင်းဆုံးမစွမ်းဆောင်ပေးနိုင်သေးပါဘူး။

ဒါ့အပြင် ရီးရဲရဲ့ အချိန်တွေလည်း မရောက်သေးပါဘူး။ဒီအချိန်မှာ ဘာစီလိုနာက နူးကမ့်တွေ့ဆုံမှုမှာ ရီးရဲကို ဂိုးပြတ် ကစားခဲ့တာ ဖြစ်ပြီး ပွဲအစ ၉ မိနစ်မှာပင် လူကျွံအနေအထားကနေ ဇာဗီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲ့နောက် ၁၇ မိနစ်မှာ ပီထရိုကလည်းကောင်း၊၅၂နဲ့ ၅၇ မိနစ်တွေမှာ ဒေးဗစ် ဗီလာက လည်းကောင်း၊မိနစ် ၉၀ မှာ ဂျက်ဖရန်က လည်းကောင်း အသီးသီး သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ရော်နယ်ဒိုအနေနဲ့ လက်ပစ်ဘောမြောက်ဖို့ ဘောလုံးသွားယူစဉ် ဘာစီလိုနာ နည်းပြ ဂွါဒိယိုလာက ဘောလုံးကို လက်ထဲ ထည့် မပေးပဲ အခြားကို ပစ်ထုတ်လိုက်တာကြောင့်ဒေါသထွက်ပြီး ဂွါဒီယိုလာကိုတွန်းခဲ့လို့ ဘာစီလိုနာ ကစားသမားတွေက ရော်နယ်ဒိုကို ၀ိုင်းဝန်း အပြစ်တင် ပြောဆိုခဲ့ပြီး နှစ်ဖက် ကစားသမားများ အချင်းပွားမှု ဖြစ်ခဲ့ပါသေးတယ်။

ပွဲပြီးဖို့ နောက်ဆုံးမိနစ်မှာတော့ မက်ဆီ ဘောလုံးဆွဲလာတာကို ရီးရဲနောက်ခံလူ ရာမို့စ် ရည်ရွယ်ချက်ရှိရှိနောက်ကနေ ဖြတ်ပိုင်းခဲ့တာကြောင့် လည်း နောက်တစ်ဖန် ကစားသမားတွေ အငြင်းပွားမှု ဖြစ်ခဲ့ပါသေးတယ်။ ပြဿနာ ဖြစ်ချိန်မှာ နှစ်ဖက်ကစားသမားများ အနက် ရာမို့စ်က ဘာစီ လိုနာ အသင်းခေါင်းဆောင် ပူယိုးလ်ကို တွန်းလှဲခဲ့ပါသေးတယ်။အဲ့နောက် ဇာဗီးကိုလည်း မျက်နှာကို တွန်းထုတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အနီကဒ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD