AD
AD
AD

စနေနေ့နံနက်ရဲ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

play

 

- စပါးနောက်ခံလူ အယ်ဒါဝီရယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီးလည်း ပါဝင်လာပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။ ဒဏ်ရာကြောင့်အနားယူနေရတဲ့ အယ်ဒါဝီရယ်ဟာ အခုဆို ဒဏ်ရာအနာတရမှ ပြန်လည်သက်သာလာပြီလို့လည်း သိရပါတယ်။

play

 

- မန်ယူဂိုးသမား ဂျွန်စတုန်းကို ၀က်စ်ဟမ်းအသင်းက ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ၀ါရင့်ဂိုးသမား ဂျိုးဟတ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ၀က်စ်ဟမ်းက စိတ်ဝင်စားနေတာပါ။ ဂျွန်စတုန်းကတော့ လက်ရှိမှာ အက်စတန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားနေသူ ဖြစ်ပါတယ်။

 

- မိမိရဲ့ ဘဏ်အကောင့်ထဲမှာ ယူရို ၃၀ ဘီလျံအထိ ရှိနေတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း အာဆင်နယ် ကစားသမားဟောင်း ဖလာမီနီက ငြင်းဆိုခဲ့ပါတယ်။ ဖလာမီနီဟာ ကိုယ်ပိုင်ဓာတုစက်ရုံတစ်ခု တည်ထောင်ထားသူ ဖြစ်ပြီးတော့ အဲဒီစက်ရုံအတွက် ငွေကြေးအများအပြား သုံးစွဲခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

- ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ မန်စီးတီးနောက်ခံလူ မန်ဒီဟာ ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲဆိုတာကို မိမိမသိရှိသေးကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။ မန်ဒီကတော့ စက်တင်ဘာလကတည်းက အနားယူနေခဲ့ရတာဖြစ်ပြီး အခုဆို လပေါင်းအတော်ကြာတဲ့အထိ အနားယူနေရဆဲ ဖြစ်ပါတယ်။

play

 

- ဂျိမ်းစ်ရိုဒရီဂွတ်ကတော့ ဘိုင်ယန်မြူးနစ်မှာပဲ ဆက်နေချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မန်ယူနဲ့ချယ်လ်ဆီးတို့က စိတ်ဝင်စားနေကြပေမယ့် အင်္ဂလန်ကို ပြောင်းရွှေ့ဖို့ စိတ်မ၀င်စားကြောင်းလည်း ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်နဲ့အတူ စာချုပ်သက်တမ်တိုးပြီး အသင်းမှာ ဆက်ရှိနေချင်တယ်လို့ သိရပါတယ်။

play

 

- ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို ဘာစီလိုနာကို ရောက်လာစေဖို့ မက်ဆီက ဆန္ဒရှိနေကြောင်း Diario Gol ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဘာစီလိုနာအသင်းကတော့ ဂရစ်မန်းဇ်ကို ခေါ်ယူဖို့ အားထုတ်နေပေမယ့် မက်ဆီကတော့ သြစတြီးယားနောက်ခံလူကိုပဲ အသင်းအတွက် ခေါ်ယူပေးဖို့ အလိုရှိနေတာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD