AD
AD
AD

ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံးပြိုင်ဘက်တွေလို့ ခေါ်ဆိုခြင်းခံရတဲ့ မန်ယူနဲ့လီဗာပူးလ်တို့ဟာ လာမယ့်ရာသီကြို ခြေစမ်းပွဲအဖြစ် အမေရိကန်နိုင်ငံက ကမ္ဘာ့ဒုတိယအကြီးဆုံး ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဇူလိုင်လအတွင်းမှာ ကစားသွားမှာ ဖြစ်ပြီးတော့ ပရိသတ် ၁၀၇၀၀၀ ဆံ့ကွင်းကြီးထဲမှာ ကစားရမှာလည်း ဖြစ်ပါတယ်။

play

 

The Big House လို့ အမည်ရတဲ့ မီချီဂန်ကွင်းကြီးမှာ မန်ယူအသင်းဟာ ကစားဖူးပြီးတော့ ၂၀၁၄ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီးတော့ ပရိသတ်ပေါင်း တစ်သိန်းနဲ့ကိုးထောင်ကျော် ကွင်းပြည့်တဲ့အထိ လာရောက်အားပေးခဲ့ကြပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကတော့ မြောက်ကိုရီးယားနိုင်ငံ၊ ပြုံးယမ်းမြို့မှာ ရှိတာ ဖြစ်ပါတယ်။

play

 

မန်ယူနဲ့လီဗာပူးလ်တို့ဟာ ၂၀၁၄ ခုနှစ်တုန်းက ရာသီကြိုခြေစမ်းပွဲဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့ကြဖူးပြီး အဲဒီတုန်းကတော့ လူးဝစ္စဗန်ဂါးလ်ရဲ့ မန်ယူအသင်းက လီဗာပူးလ်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့ဖူးပါတယ်။ ICC (International Champion Cup) ပြိုင်ပွဲဟာ နောက်ပိုင်းနှစ်တွေမှာ ထိပ်သီးအသင်းတွေရဲ့ ယှဉ်ပြိုင်မှုတွေနဲ့  ပရိသတ်တွေကို ဆွဲဆောင်နေခဲ့တာ ဖြစ်ပြီးတော့ မန်ယူနဲ့မန်စီးတီးတို့ရဲ့ အင်္ဂလန်ပြင်ပ ပထမဆုံးဒါဘီပွဲစဉ်၊ ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ်တို့ရဲ့ အယ်ကလက်စီယိုပွဲစဉ် အစရှိတဲ့ နာမည်ကျော် ပွဲစဉ်တွေကို ထည့်သွင်းကျင်းပနေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

နွေရာသီမှာ ကျင်းပမယ့် ဒီပြိုင်ပွဲအသေးစိတ်ကိုတော့ လာမယ့်အပတ်မှာ တရားဝင်ကြေငြာသွားမှာ ဖြစ်ပြီးတော့ ရီးရဲလ်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်တို့လို့ ထိပ်သီးအသင်းတွေလည်း ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၁၈ ICC ပွဲစဉ်တွေကတော့ ထိပ်သီးကလပ်တွေအချင်းချင်း ရာသီကြိုပြင်ဆင်မှုအရရော၊ ဂုဏ်သိက္ခာပိုင်းအရပါ ယှဉ်ပြိုင်ကြဦးမှာ ဖြစ်ပြီး ပရိသတ်တွေ စိတ်ကြိုက်တွေ့စေမှာတော့ အမှန်ပါပဲ ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD