AD
AD
AD

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ တံကောက်ကြောဒဏ်ရာ အသေးစားရရှိနေမှုကြောင့် ဆီဗီလာနဲ့ကစားရမယ့် လာလီဂါပွဲစဉ်ကို ပါဝင်ဖို့ မသေမချာဖြစ်နေခဲ့ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ နိုင်ငံတကာခြေစမ်းပွဲ (၂)ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီးနောက်မှာ မက်ဆီဟာ လာလီဂါပွဲစဉ်ကိုပါ ဆက်လက်လွဲချော်ဖွယ် ရှိနေပါတယ်။

play

 

မက်ဆီ ဒဏ်ရာရရှိနေမှုဟာ ဧပြီလအတွင်း ပွဲအများအပြား ကစားရမယ့် ဘာစီလိုနာအတွက် အကျပ်ရိုက်နေခဲ့ရပြီးတော့ ဘာစီလိုနာအသင်းဟာ ၂၂ရက်အတွင်းမှာ ပွဲစဉ် (၇)ပွဲအထိ ကစားသွားရမှာလည်း ဖြစ်ပါတယ်။ အဲဒီပွဲတွေထဲမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် နှစ်ကျော့၊ စပိန်ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲတို့လည်း ပါဝင်နေခဲ့ပါတယ်။

play

 

" မက်ဆီရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်၊ သူ့မှာ ဒဏ်ရာပြသနာအနည်းငယ်ရှိနေပါတယ်၊ ဆီဗီလာနဲ့ပွဲက အရေးကြီးပါတယ်၊ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဖလားရရှိဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်မှာပါ" လို့ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ပြောခဲ့ပါတယ်။

play

 

ဘာစီလိုနာကတော့ စပိန်လာလီဂါမှာ ၁၁မှတ်ဖြတ် ဦးဆောင်နေတာဖြစ်သလို ဖလားသုံးလုံးမျှော်လင့်ချက် ရှိနေတာလည်း ဖြစ်ပါတယ်။ မက်ဆီရဲ့ ဒဏ်ရာရရှိမှုက ဘာစီလိုနာအတွက် အခက်တွေ့ဖွယ် ရှိလာခဲ့ပြီး ဗယ်လ်ဗာဒီက မက်ဆီအမြန်ဆုံး ပြန်ကောင်းမွန်လာဖို့ မျှော်လင့်နေပါတယ်။ ဆီဗီလာနဲ့ပွဲမှာတော့ ကွင်းလယ်လူ ဆာဂျီယိုဘက်ကွက်စ် လွဲချော်မှာဖြစ်တယ်လို့ သိရပြီး ရိုးမားနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

play

 

" ရိုးမားနဲ့ပွဲအတွက် ကျွန်တော်မစဉ်းစားသေးပါဘူး၊ ဆီဗီလာကို အနိုင်ယူဖို့အတွက် အာရုံစိုက်ရမှာက အဓိကပါ၊ ဒီလအတွင်းမှာ ကစားရမယ့်ပွဲစဉ်တွေက ကျွန်တော်တို့အတွက် အဆုံးအဖြတ်ဖြစ်ပါတယ်" လို့လည်း ဗယ်လ်ဗာဒီက ပြောကြားခဲ့ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD