AD
AD
AD

ရီးရဲမက်ဒရစ်အသင်းမှာ နည်းပြ ဇီဒန်းလက်အောက် ကစားနေရခြင်းကို စိတ်ကျေနပ်မှု မရှိဘူးလို့ ထုတ်ဖော်ပြောထားခဲ့ပြီး ပရီးမီးယားလိဂ် ကလပ် မန်စီးတီးအသင်းကလည်း အစ္စကိုကို ခေါ်ယူနိုင်ရေး ချိတ်ဆက်နေပါတယ်။

play

 

ဒီအချိန်မှာတော့ ရီးရဲမက်ဒရစ်အသင်းရဲ့ နည်းပြ ဇီဒန်းက အစ္စကိုဟာ ရီးရဲ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းမှာ ဆက်ရှိနေမယ်လို့ အတည်ပြု ပြောကြားမှု တစ်ရပ် ပြုလုပ်လိုက်ပါတယ်။

play

 

အစ္စကိုမှာ ပြီးခဲ့တဲ့ အပတ်က နိုင်ငံတကာခြေစမ်းပွဲမှာ အာဂျင်တီးနားကို ၆-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဟက်ထရစ်သွင်းယူထားနိုင်သူလည်း ဖြစ်ပါ တယ်။

ဒီအချက်ကပဲ အစ္စကိုကို ရီးရဲမှာ နည်းပြ ဇီဒန်းက ဆက်ရှိနေစေချင်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ခြေစမ်းပွဲ အပြီးမှာတော့ အစ္စကိုက ၎င်းရဲ့ ခြေစွမ်းပိုင်းနဲ့ ရီးရဲမှာ ကစားနေရတဲ့ အပိုင်းတို့ကို နှိုင်းယှဉ်မေးခွန်းထုတ်ခဲ့ပြီး သူ့အနေနဲ့ နည်းပြ ဂျူလီယန် လက်အောက်မှာ ကစားရတာ စိတ်ကျေနပ်မှု ရပြီး ဇီဒန်းလက်အောက်မှာ ကစားနေရခြင်းက အဆိုပါ ခံစားချက်ကို ပြန်မရဘူးလို့ ပြောခဲ့တာ လည်း ဖြစ်ပါတယ်။

အဆိုပါ အကြောင်းရင်းအပေါ် နည်းပြ ဇီဒန်းက ပြန်လည်ပြောကြားရာမှာတော့ -" ကျွန်တော် လူတွေကို မနှိုင်းယှဉ်တတ်ပါဘူး။အစ္စကိုက စပိန် အသင်းအတွက် မတူညီတဲ့ အနေအထားတစ်ရပ်နဲ့ အရေးပါနေတဲ့ ကစားသမားတစ်ဦးပါ။ဒါပေမယ့် ကျွန်တော့်မှာလည်း ပွဲထွက်ကစားသမား ကို ၁၁ယောက်ပဲ အသုံးပြုခွင့်ရထားတာပါ။ဘာပဲဖြစ်ဖြစ် အာဂျင်တီးနားအသင်းနဲ့ ပွဲမှာ ပြခဲ့တဲ့ခြေစွမ်းကိုတော့ အားရပါတယ်။အခုတော့သူက ရီးရဲ ကစားသမားအဖြစ် ရှိနေသေးတာပဲလေ၊သူအသင်းမှာ ဆက်ရှိနေမှာပါ။" လို့ ဇီဒန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရီးရဲအနေနဲ့ လက်စပါးမက်အသင်းနဲ့ လာလီဂါပွဲကစားဖို့ရှိနေပြီး လာမယ့်ကြားရက်မှာတော့ ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD