AD
AD
AD

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများနဲ့ အခြားသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

- ဇလာတန်အီဘရာဟီမိုဗစ်ခ်ျဟာ အယ်လ်အေဂလက်ဇီအသင်းကို မပြောင်းရွှေ့ခင်မှာ တရုတ်စူပါလိဂ်အသင်းတစ်သင်းရဲ့ဒေါ်လာ သန်း၁၀၀ တန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ Sports Illustrated က ဖော်ပြခဲ့ပါတယ်။

play

 

- ဆီဗီလာကို ၁-၂ ရလာဒ်နဲ့ အနိုင်ရအပြီးမှာ သူ့အသင်းဟာ ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်မယ့် ခြေစွမ်းမပြသနိုင်ခဲ့ဘူးလို့ ဘိုင်ယန်နည်းပြ ဟေးနက်စ်က ပြောဆိုခဲ့ကြောင်း ESPN က ဖော်ပြချက်အရ သိရပါတယ်။

play

 

- မားကို့အဆန်စီယိုဟာ ရီးရဲလ်အသင်းမှာ ပွဲထွက်ခွင့်ပုံမှန်မရရှိမှုကြောင့် အသင်းက ထွက်ခွာဖို့ စဉ်းစားနေကြောင်း Don Balon က ဖော်ပြခဲ့ပါတယ်။

play

 

- Mirror ရဲ့ ဖော်ပြချက်အရ ရီးရဲလ်ဆိုဆီဒတ်အသင်းဟာ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ကို သူတို့အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

play

 

- ချယ်လ်ဆီးနည်းပြရာထူးအတွက် နည်းပြသစ်တစ်ဦးကို အမြန်ဆုံးရှာဖွေနိုင်လိမ့်လို့ ချယ်လ်ဆီးဘုတ်အဖွဲ့က ယုံကြည်နေပြီး ကွန်တီဟာ ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲဖို့ ပိုမိုသေချာခဲ့ပြီလို့ Metro က ဖော်ပြခဲ့ပါတယ်။

play

 

- လူငယ်ပရိသတ်များအနေနဲ့ အသင်းရဲ့ အိမ်ကွင်းပွဲစဉ်မှာ လက်ရှိအနေအထားထက် ပိုမိုပြီး တက်ကြွစွာ အားပေးဖို့ လိုအပ်ကြောင်း မန်ယူနည်းပြ မော်ရင်ဟိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD