AD
AD
AD

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာတော့ ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက (၂)ဂိုးသွင်း၊ (၁)ကြိမ်ဖန်တီးပေးကာ အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပြီး ဂျူဗင်တပ်စ်အသင်းအပေါ်မှာ သူ့ရဲ့ ကျိန်စာဆိုးတွေကို ဆက်လက် ကျရောက်စေခဲ့ပါတယ်။

play

 

ဂျူဗင်တပ်စ်အသင်းဘက်ကို လှပတဲ့နောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုးအပါအ၀င် ၂ဂိုးသွင်းယူခဲ့ပြီးနောက်မှာတော့ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ သမိုင်းမှတ်တမ်းတစ်ခုကို ထပ်မံစိုက်ထူနိုင်ခဲ့ပါတယ်။  ပွဲကစားချိန် (၃)မိနစ်မှာ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးပြီးတဲ့နောက် စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပွဲစဉ် (၁၀)ပွဲဆက်တိုက်ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးသော ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

play

 

စီရော်နယ်ဒိုရဲ့ အခုနှစ်ပြိုင်ပွဲစုံ သွင်းဂိုးဟာ (၃၉) ဂိုးအထိ ရှိလာပြီဖြစ်ပြီးတော့ ဥရောပထိပ်တန်းလိဂ် (၅)ခုက ဘယ်ကစားသမားထက်မဆို သာလွန်တဲ့ သွင်းဂိုးအရေအတွက်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်နဲ့ တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ စီရော်နယ်ဒိုဟာ (၉) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးတော့ ချန်ပီယံလိဂ်သမိုင်းမှာ ပြိုင်ဘက်အသင်းတစ်သင်းထဲကို ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

play

 

ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း စီရော်နယ်ဒိုဟာ စုစုပေါင်း (၁၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ မဟာပြိုင်ဘက် မက်ဆီကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၆)ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် စီရော်နယ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မက်ဆီကို သိသိသာသာ အသာစီးရနေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ချန်ပီယံလိဂ် (၉)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ နစ္စတယ်ရွိုင်းရဲ့ စံချိန်ကို ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ လိုက်မီခဲ့ပြီးနောက် စီရော်နယ်ဒိုဟာ အခုဆိုရင် (၁၀)ပွဲဆက်တိုက် ဂိုးသွင်းယူကာ စံချိန်ဟောင်းကို ရိုက်ချိုးနိုင်ခဲ့ပြီးတော့ စံချိန်သစ် တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Source : goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD