AD
AD
AD

ဂျူဗင်တပ်စ်အသင်းဘက်ကို နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းယူခဲ့တဲ့ ဂိုးကို ဂိုးဝင်ခဲ့မယ်လို့ မထင်မိခဲ့ကြောင်း စီရော်နယ်ဒိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

စီးရီးအေဘီလူးကြီး ဂျူဗင်တပ်စ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ စီရော်နယ်ဒိုဟာ (၂) ဂိုးသွင်းယူပေးခဲ့ပြီးတော့ သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုးဟာ လှပတဲ့ကန်သွင်းချက်နဲ့အတူ ဂိုးရရှိခဲ့ပြီး ဂျူဗင်တပ်စ်ပရိသတ်တွေကတောင်မှ လက်ခုပ်တီးအားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးကို ၀ါရင့်ဂိုးသမားကြီး ဘတ်ဖွန်လည်း ဘယ်လိုမှ ကာကွယ်ဖို့ မတတ်နီုင်ပဲ ခွင့်ပြုခဲ့ရပါတယ်။

play

 

ဒါပေမယ့်လည်း ပွဲပြီးဆုံးပြီးနောက် သတင်းထောက်များရဲ့ မေးမြန်းမှုအပေါ်မှာ ဂိုးရရှိမယ်လို့ မထင်မိခဲ့ကြောင်း စီရော်နယ်ဒိုက ဖွင့်ဟ၀န်ခံခဲ့တာလည်း ဖြစ်ပါတယ်။

play

 

" အရမ်းကောင်းတဲ့ ဂိုးတစ်ဂိုးပါ၊ ဘယ်လိုပြောရမလဲ၊ အရမ်းသိပ်ကောင်းတဲ့ သွင်းဂိုးတစ်ဂိုးလို့ပဲ ပြောရမှာပါ၊ ဂိုးဝင်သွားမယ်လို့လည်း မထင်ခဲ့ပါဘူး၊ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီးတော့ အသင်းနိုင်ပွဲရအောင် ကူညီပေးနိုင်တဲ့အတွက် ပျော်ရွှင်မိပါတယ်၊ သွင်းဂိုး (၂)ဂိုးနဲ့အတူ အရမ်းခမ်းနားတဲ့ ညတစ်ညပါပဲ" လို့ စီရော်နယ်ဒိုက ပြောခဲ့ပါတယ်။

play

 

ရီးရဲလ်နည်းပြ ဇီဒန်းကလည်း သူ့အသင်းသားရဲ့ သွင်းဂိုးထက် ၂၀၀၂ ခုနှစ်၊ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ လီဗာကူဆင်အသင်းဘက်ကို သူသွင်းယူခဲ့တဲ့ သွင်းဂိုးက ပိုကောင်းတယ်လို့ အရွှန်းဖောက်ပြောကြားခဲ့ပါသေးတယ်။ အဲဒီပွဲစဉ်မှာ ဇီဒန်းဟာ ဘယ်ခြေနဲ့ မြေမကျကန်သွင်းချက်ကို သွင်းယူခဲ့ပြီးတော့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အလှပဆုံးသွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

play

 

" စီရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့အတူတူ အကောင်းဆုံးကစားနိုင်ခဲ့ပြီးတော့ သူ့အတွက် ပျော်ရွှင်မိရပါတယ်၊ ဒီညမှာ ချိုမြိန်တဲ့နိုင်ပွဲတစ်ခုကို ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့ပါတယ်" လို့ ဇီဒန်းကလည်း ပြောကြားခဲ့ပါတယ်။

play

 

စီရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၀) ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်သစ်ကို ပိုင်ဆိုင်ခဲ့ပြီးတော့ သူ့အတွက် အရမ်းကောင်းမွန်တဲ့ ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD