AD
AD
AD

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ရင်ဆိုင်ရမယ့် လီဗာပူးလ်နဲ့ပွဲမှာ မန်စီးတီးဟာ တိုက်စစ်ဆင်ကစားသွားမှာဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်ကွင်းမှာ တွေ့ဆုံခဲ့တုန်းကတော့ မန်စီးတီးဟာ ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်မှာ တစ်ခုတည်းသော ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတိးကွင်းမှာတော့ မန်စီးတီးက ၅-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှီ်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

" လီဗာပူးလ်နဲ့ပွဲမှာ ဘယ်လိုကစားရမလဲဆိုတာကို ကျွန်တော်သိပါတယ်၊ ဒါပေမယ့် သူတို့အသင်းဟာ နေရာလွတ်တွေကို ရှာဖွေပြီး တိုက်စစ်ဆင်ကစားနေပုံက ကမ္ဘာပေါ်က ဘယ်အသင်းနဲ့မှ မတူညီပါဘူး၊ အထူးသဖြင့် မာနေ၊ ဆာလာ နဲ့ ဖာမီနိုတို့ပါ၊ သူတို့က အရမ်းကောင်းမွန်တဲ့ ကစားသမားတွေပါလို့ " ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

play

 

" ဒါပေမယ့်လည်း ကျွန်တော်က ကွဲပြားခြားနားတဲ့ ပုံစံတစ်ခုနဲ့ လီဗာပူးလ်ကို ရင်ဆိုင်သွားမှာမဟုတ်ပါဘူး၊ ဒီလိုပြုလုပ်ခဲ့မယ်ဆိုရင် ကစားသမားတွေအနေနဲ့ ကျွန်တော့်အပေါ် ယုံကြည်မှုမရှိတော့ပဲ ကျွန်တော်က ကြောက်ရွံ့နေတယ်၊ သူတို့အပေါ် ယုံကြည်မှုမရှိဘူးလို့ ထင်သွားပါလိမ့်မယ်၊ အဲဒါက အကြီးမားဆုံးမှားယွင်းမှု ဖြစ်သွားမှာပါ" လို့လည်း ဂွာဒီယိုလာက သူ့အသင်းဟာ ပုံမှန်အတိုင်းပဲ ကစားသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

play

 

" သူတို့အသင်းကလည်း တိုက်စစ်ကို အားပြုကစားမှာပါ၊ ကျွန်တော်တို့ကလည်း ထိုနည်း၎င်းပါပဲ၊ သေချာပြောနိုင်တာကတော့ မနက်ဖြန်မှာ ကစားရမယ့်ပွဲဟာ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ၊ ကျွန်တော်တို့ နှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းထားတဲ့ အသင်း (၂)သင်း ဖြစ်ပါတယ်" လို့ မန်စီးတီးနည်းပြက ပြောကြားခဲ့ပါတယ်။

play

 

ဂွာဒီယိုလာကတော့ သူ့ရဲ့ တိုက်စစ်ကို ပိုမိုအသားပေးတဲ့ ကစားဟန်ကို စွန့်လွှတ်သွားမှာ မဟုတ်ပဲနဲ့ တိုက်စစ်အားသန်တဲ့ လီဗာပူးလ်ကို တိုက်စစ်နဲ့ပဲ ပြန်လည်ကစားသွားမှာလို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အင်္ဂလန်ကလပ် (၂)သင်းရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ထိပ်တိုက်တွေ့ဆုံမှုဟာ တိုက်စစ်ချင်းအားပြိုင်မယ့် ပွဲစဉ်ဖြစ်လာဖွယ်ရှိပြီး အကြိတ်အနယ်ရှိလာမှာတော့ သေချာပါတယ်။

Source : SkySports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD