AD
AD
AD

လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်မှူး အဂူရို ပါဝင်မှာမဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက အတည်ပြုလိုက်ပါတယ်။ အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဂူရိုဟာ ဒူးဒဏ်ရာမှ ပြန်လည်သက်သာလာခြင်း မရှိတာကြောင့် မန်ချက်စတာမှာပဲ နေခဲ့ရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

play

 

အဂူရို ပါဝင်နိုင်မှာ မဟုတ်တာကြောင့် ဂါဘရီရယ်ဂျီးဆပ်က မန်စီးတီးတိုက်စစ်ကို တာဝန်ယူမှာဖြစ်တယ်လို့လည်း ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။ ဂွာဒီယိုလာကတော့ အဂူရိုကို မန်ချက်စတာဒါဘီပွဲစဉ်အမီ ပြန်လည်သက်သာလာစေဖို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။

play

 

" သူ မန်ချက်စတာမှာ ကျန်ခဲ့မှာပါ၊ အသင်းနဲ့အတူ လိုက်ပါနိုင်မှာ မဟုတ်ပါဘူး၊ အဂူရိုအနေနဲ့ ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး၊ ဒါပေမယ့် မန်ချက်စတာဒါဘီပွဲကိုတော့ သူ ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်" လို့ ဂွာဒီယိုလာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

အဂူရို၏ ဒဏ်ရာမှာ တိုးတက်မှုများ ရှိလာခဲ့သော်လည်း ကစားသမားကိုယ်တိုင်က သူ့ဒဏ်ရာအနေအထားအပေါ်တွင် စိတ်မချဖြစ်ခဲ့ပြီး အသင်းဆရာဝန်၏ ဆုံးဖြတ်ချက်အရ လီဗာပူးလ်နဲ့ပွဲကို အဂူရိုမှာ ပါဝင်ခွင့် မရရှိခဲ့ခြင်းလည်း ဖြစ်သည်။ အဂူရိုမပါဝင်သည့် မန်စီးတီးအသင်း၏ တိုက်စစ်ပိုင်းတွင် ဂျီးဆပ်၊ ဆာနေး နှင့် စတာလင်တို့က ဦးဆောင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

" သူတို့သုံးယောက်အပေါ်မှာ တကယ်ကျေနပ်မိပါတယ်၊ သူတို့က လူငယ်လေးတွေဖြစ်ပြီးတော့ အကြောက်တရားကင်းမဲ့သူတွေပါ၊ ဂျီးဆပ်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲကို ပထမဆုံးအကြိမ် ကစားရမှာဖြစ်ပေမယ့် သူက တခြားပြိုင်ပွဲအဆင့်တွေမှာ ကောင်းကောင်း ကစားနိုင်တဲ့ သူလည်း ဖြစ်ပါတယ်" လို့ ဂွာဒီယိုလာက သူ့အသင်းမှ ကစားသမားများကို ချီးကျူးခဲ့ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD