AD
AD
AD

နူးကမ့်မှာ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ဟာ ခက်ခဲမှုတွေ ရှိလိမ့်မယ်လို့ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ပြောခဲ့ပါတယ်။ အီတလီကလပ် ရိုးမားအသင်းကို ဧည့်ခံကစားရမယ့် ပွဲစဉ်ဟာ ထင်သလောက် လွယ်ကူမှာ မဟုတ်ဘူးလို့လည်း ဗယ်လ်ဗာဒီက ယူဆထားတာ ဖြစ်ပါတယ်။

play

 

" ပထမအကျော့က ထင်သလောက် လွယ်ကူမှာမဟုတ်ပါဘူး၊ ပြိုင်ဘက်အသင်းကို ကျွန်တော်တို့ လေးစားမှုအပြည့်ရှိပါတယ်၊ ကျွန်တော်တို့ဟာ ဒီပွဲကို အကောင်းဆုံးကစားသွားမှာဖြစ်ပေမယ့် ဆီမီးဖိုင်နယ်အတွက် လုံလောက်တဲ့ ရလာဒ်မျိုး ရရှိဖို့ကခက်ခဲမှာပါ" လို့ ဗယ်လ်ဗာဒီက အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

play

 

" သူတို့ဟာ အုပ်စုအဆင့်မှာ ထိပ်ဆုံးက ရပ်တည်နီုင်ခဲ့ပြီးတော့ ကွာတားဖိုင်နယ်အဆင့်ထိကို တက်ရောက်လာခဲ့တာပါ၊ ဒါက အံ့အားသင့်စရာမဟုတ်ပါဘူး၊ သူတို့ရဲ့ တိုက်စစ် နဲ့ ခံစစ် ကစားပုံဟာ ကျစ်လျစ်သိပ်သည်းပြီးတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်၊ ဒါဟာ ရှုံးထွက်ပွဲစဉ်တွေရဲ့ ဆွဲဆောင်နိုင်စွမ်းလည်း ဖြစ်ပါတယ်" လို့လည်း သူက ပြိုင်ဘက်အသင်းကို ချီးကျူးခဲ့ပါတယ်။ ရိုးမားကတော့ အုပ်စုအဆင့်မှာ ချယ်လ်ဆီး၊ အက်သလက်တီကိုတို့နဲ့ ရင်ဆိုင်ခဲ့ရပြီး အုပ်စုထိပ်ဆုံးမှာ ရပ်တည်နီုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ရိုးမားနဲ့ပွဲစဉ်အတွက် ဘာစီလိုနာရဲ့ အဓိကကစားသမား မက်ဆီကတော့ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပြီးတော့ ပွဲထွက်ပါဝင်လာနိုင်မှာလို့လည်း ဗယ်လ်ဗာဒီက အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် အသင်းကွင်းလယ်လူ ဘက်ကွက်စ်လည်း လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နေပြီးတော့ ရိုးမားနဲ့ပွဲအတွက် အသင့်ဖြစ်နေလို့လည်း သိရပါတယ်။

play

 

" ရိုးမားဟာ ပွဲအနေအထားအပေါ်မူတည်ပြီးတော့ ကောင်းကောင်းကစားတတ်ပါတယ်၊ သူတို့ရဲ့ နည်းဗျူဟာတွေက ကောင်းမွန်ပြီးတော့ ပြိုင်ဘက်ကို ဖိအားကောင်းကောင်းပေးနိုင်ပါတယ်၊ ကျွန်တော်တို့အသင်းက ပွဲတိုင်းကို အနိုင်မရနိုင်သလို၊ မရှုံးနိုင်တာမျိုးလည်း မရှိပါဘူး၊ ဒါကြောင့်မို့ ဒီပွဲကို ဂရုတစိုက်ယှဉ်ပြိုင်ရမှာဖြစ်ပြီးတော့ နိုင်ပွဲရဖို့အတွက် အခွင့်အရေးမှန်သမျှကို အသုံးချဖို့ လိုအပ်ပါတယ်" လို့ ဗယ်လ်ဗာဒီက အဆုံးသတ်ပြောကြားခဲ့ပါတယ်။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD