AD
AD
AD

ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ဂျူဗင်တပ် ၀-၃ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အပြီးမှာတော့ ရီးရဲမက်ဒရစ်အသင်း ဟာ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မကစားမီမှာပင် ဆီမီးဖိုင်နယ်တက်ဖို့ အခွင့်ရေးကောင်းကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

play

 

အဆိုပါ ပွဲအပြီးမှာတော့ ရီးရဲမက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ စံချိန် ၄ ရပ်ကို တစ်ပြိုင်နက်တည်းတင်ရှိခဲ့သလို အခြားသော ထူးခြားတဲ့ ဖြစ် စဉ်များလည်း တူရင်ကွင်းအတွင်း ဖြစ်ပေါ်ခဲ့ပါတယ်။

play

 

ရော်နယ်ဒိုရဲ့ လှပတဲ့ ဒုတိယသွင်းဂိုး
-----------------------------------

ရော်နယ်ဒိုရဲ့ ဒုတိယမြောက်သွင်းဂိုးက ကမ္ဘာပေါ်က ကစားသာမားတိုင်း သွင်းယူနိုင်လေ့ မရှိတဲ့ ဂိုးသွင်းဟန်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုပြောစရာရှိတာကတော့ ဒီနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲအတွက်တော့ အဆိုပါ ဂိုးက အလှပဆုံး အနေ အထားမှာ ရှိနေတာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ပထမအခွင့်အရေး ရချိန်မှာ ဂိုးသွင်းခွင့်ပိုမိုပိုင်နိုင်စေမယ့် ကစားဖော်ကို ဘောလုံးကို ပြန်ထိုးပေးခဲ့တာကြောင့်လည်း ယခုလို အခွင့်အရေးက သူ့ဆီ ပြန်ရောက်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပြီး ဒါဟာ တစ်ကိုယ်ကောင်းမဆန်တဲ့ လုပ်ရပ်ရဲ့ အပေါင်း လက္ခဏာလို့ ဆိုနိုင်မှာလည်း ဖြစ်ပါတယ်။

ဒီဂိုးသွင်းယူပြီးချိန်မှာတော့ ရော်နယ်ဒိုဟာ အသင်းဖော်၊နည်းပြတို့ရဲ့ လေးစားမှုသာမက ပြိုင်ဖက်ပရိသတ်များရဲ့ အသိအမှတ်ပြုမှုကိုပါ ခံခဲ့ရ တာလည်း ဖြစ်ပါတယ်။

play

 

စံချိန်တွေ ထပ်တိုးခဲ့တဲ့ ရော်နယ်ဒို
---------------------------------

ရော်နယ်ဒိုဟာ ၂ ဂိုးသွင်းယူအပြီးမှာ ကစားသမားဘ၀တစ်လျှောက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ သွင်းယူထားနိုင်တဲ့သွင်းဂိုးဟာလည်း ၂၂ ဂိုးအထိ ရှိနေပြီး ဒီအခြေအနေဟာ ဂျူဗင်တပ်တစ်သင်းလုံးရဲ့ ကွာတားဖိုင်နယ်သွင်းဂိုးနှုန်းနဲ့ တူညီနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ရဲ့ ၁၀ ပွဲဆက်ဂိုးသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်လာခဲ့သလို ဂျူဗင်တပ်အသင်းနဲ့ ၆ ပွဲဆက်တွေ့ဆုံ သမျှ ဂိုးသွင်းယူထားနိုင်ပြီး စုစုပေါင်း ၁၀ ဂိုးအထိသွင်းထားပါတယ်။

play

 

ဒိုင်ဘာလာရဲ့ အကျင့်ဆိုးကိုမြင်တွေ့ခဲ့ရခြင်း
--------------------------------------------

ဂျူဗင်တပ်အသင်းနဲ့ ပွဲထွက်လာခဲ့တဲ့ ဒိုင်ဘာလာဟာ အဆိုပါ ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းအတွက် အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းသူ့ရဲ့ ထိုးဖောက်ဟန်တွေကို ရီးရဲနောက်ခံလူများဖြစ်တဲ့ ရာမို့စ်၊ဗာရနီ၊ကာဗာဂျယ်တို့ အကြိမ်ကြိမ် ဟန့်တားနိုင် ခဲ့တာကြောင့် ဂိုးတော့ မရနိုင်ခဲ့ပါဘူး။

အစောဆုံးမှာရတဲ့ ဂိုးကန်သွင်းခွင့်ကိုလည်း ရာမို့စ်အချိန်မီ ဟန့်တားနိုင်ခဲ့သလို၊ဂိုးပေါပိတ်မှု မထိရောက်တာတွေကြောင့်လည်း ဒိုင်ဘာလာ ဂိုးမရပဲ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီးမှာတော့ ဒိုင်ဘာလာကွင်းအတွင်းလဲကျခဲ့တာကြောင့် ပရိသတ်တွေက ပင်နယ်တီ ပေးဖို့ အော်ဟစ်တောင်းဆိုခဲ့ပေမယ့် ကွင်း လယ်ဒိုင်ကတော့ ဒိုင်ဘာလာကိုသာ အ၀ါကဒ်ပြ သတိပေးခဲ့တာတွေ့မြင်ရပါတယ်။ အနှေးပြကွက်တွေ ပြန်ကြည့်တဲ့အခါမှာတော့ အမှန်တကယ် ပဲ ဒိုင်ဘာလာ ဟန်ဆောင်လှဲချခဲ့တာကို သိသာစွာ မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ရီးရဲမက်ဒရစ် ဒုတိယဦးဆောင်ဂိုး ရပြီးချိန်မှာ ဂျူဗင်တပ် ဂိုးရဖို့ ပြန်ကြိုးစားနေပေမယ့် ကာဗာဂျယ်ကို ဥပဒေပ ကစားခဲ့တဲ့ ဒိုင်ဘာလာကြောင့် အချည်းအနှီးသာ ဖြစ်ခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်က ဒိုင်ဘာလာက နောက်ထပ် အ၀ါကဒ်ပြသပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့ တာလည်း ဖြစ်ပါတယ်။

play

 

ကဒ်ပေါင်း ၄၀၀ ပြည့်မြောက်ခဲ့တဲ့ ဆာဂျီုယို့စ်
--------------------------------------------

ရီးရဲနောက်ခံလူ အသင်းခေါင်းဆောင်ရာမို့စ်ကတော့ မီဒီယာတွေက တင်စားခေါ်ဝေါ်သလို ကဒ်တွေကို ချစ်မြတ်နိုးသူဆိုတဲ့အတိုင်းဒီပွဲမှာလည်း အ၀ါတစ်ကဒ် ထပ်မံ ထိခဲ့ပြန်ပါတယ်။ သူ့ရဲ့ ကစားတဲ့နေရာ၊ကစားတဲ့ ပုံစံ၊စိတ်ဓာတ်တို့ကြောင့် ကဒ်တွေနဲ့ မကြာခဏဆိုသလို ရင်ဆိုင်နေရ တာလည်း ဖြစ်ပါတယ်။

ယခုတစ်ကြိမ်ထိခဲ့တဲ့ အ၀ါကဒ်ကြောင့် ရာမို့်ဟာ ကစားသမားဘ၀ ကဒ်ပေါင်း ၄၀၀ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ကာ  လာမယ့် ဒုတိအကျော့ ပွဲစဉ်ကိုတော့ လွဲချော်ရတော့မှာလည်း ဖြစ်ပါတယ်။

play

 

စွမ်းရည်မြင့်ခြေစွမ်း ပြသခဲ့တဲ့ အစ္စကို
-------------------------------------

စပိန်လက်ရွေးစင်နဲ့ ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့်ယခုလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ အဓိက ကစား သမား ဂါရတ်ဘေးကို နောက်ကောက်ချပြီး ပွဲထွက်ခွင့်ရခဲ့တဲ့ အစ္စကိုဟာ သူဟာ ပွဲထွက် ကစားသမားအဖြစ် ထိုက်တန်တယ်ဆိုတာ ပြသနိုင်ခဲ့ ပါတယ်။

ပွဲချိန် ၁၆ မိနစ်ခန့်မှာတော့ အစ္စကိုဟာ ဂျူဗင်တပ် အဓိက ကစားသမား ဒေါက်လပ် ကော်စတာကို လှည့်စားထွက်ခဲ့တဲ့ပုံရိပ်က ပရိသတ်တွေ အတွက် ချီးကျူးထောပနာ ပြုရလောက်အောင်ပင် ကောင်းမွန်သေသပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ပွဲလုံးမှာလည်း အကောင်းဆုံး လိုက်ပါ ကစားနိုင်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD