AD
AD
AD

လီဗာပူးလ်အနေနဲ့ သမိုင်းသစ်ကို ဖန်တီးဖို့ လိုအပ်နေပြီး မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်တိုက်ပွဲကနေ အစပြုပြီး ကိုယ့်သမိုင်းကိုယ် ဖန်တီးရမှာ ဖြစ်တယ်လို့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

play

 

လီဗာပူးလ်ကို ရောက်ရှိလာပြီးနောက် ကလပ်ရဲ့ သမိုင်းဝင်ညတွေအကြောင်းကို သိရှိထားခဲ့ပြီး အဲဒီအပေါ်မှာ လေးစားမှု အပြည့်အ၀ရှိကြောင်း ကလော့ပ်က ပြောကြားခဲ့သလို အဲဒီလိုအခြေအနေမျိုးကို ကိုယ်တိုင်ဖန်တီးဖို့အတွက် အခွင့်အရေးဟာ ကစားသမားတွေဆီကို ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

play

 

" လီဗာပူးလ်အသင်းဟာ သမိုင်းဝင်အောင်မြင်မှုတွေ ပြည့်နှက်နေတဲ့ အသင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း သမိုင်းမှတ်တမ်း ရေးထိုးနိုင်ဖို့ ကြိုးစားရမှာပါ" လို့ ကလော့ပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

play

 

" အသင်းရဲ့ သမိုင်းကြောင်းအတွက် ဂုဏ်ယူရမှာ မှန်ပေမယ့် ကျွန်တော်တို့ကိုယ်တိုင်လည်း သမိုင်းကိုဖန်တီးဖို့ လိုအပ်ပါတယ်၊ ကျွန်တော်ရဲ့ အသင်းဟောင်းတွေမှာ အနည်းဆုံး အမှတ်ရစရာ တစ်ခုခုရှိစမြဲပါ၊ ကျွန်တော့်ကောင်လေးတွေကလည်း သူတို့အတွက် သူတို့ကိုယ်တိုင် ဖန်တီးဖို့ အသင့်ဖြစ်နေပါပြီ" လို့လည်း ကလော့ပ်က ပြောခဲ့ပါတယ်။

play

 

" မန်စီးတီးက အသင်းကောင်းတစ်သင်းပါ၊ သူတို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ထိုက်တန်ပါတယ်၊ သူတို့နဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ဂိုးမပေးရဖို့တော့ မမျှော်လင့်ထားပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ဟာ ၉၅မိနစ်လုံးလုံး ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်စွမ်း အပြည့်ရှိလို့ပါပဲ၊ ကျွန်တော်တို့အနေနဲ့ နေရာလွတ်တွေကို အသုံးချနိုင်ဖို့ လိုအပ်ပြီးတော့ တိုက်စစ်နဲ့ခံစစ် အားလုံးမှာ ၁၀၀ ရာခိုင်နှုန်းအပြည့် ကြိုးစားရမှာပါ" လို့ ပြောကြားခဲ့ပါတယ်။

play

 

ဒီပွဲစဉ်ကိုတော့ လီဗာပူးလ်နောက်ခံလူ မာတစ်ဟာ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး ကွင်းလယ်လူ အမ်မရီချန်လည်း ပါဝင်ဖို့ မသေချာဘူးလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD