AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ကြသပတေးနေ့ နံနက်)မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယနေ့ ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစား စေမှာ ဖြစ်ပြီး လီဗာပူး နဲ့ မန်စီးတီး၊ ဘာစီလိုနာနဲ့ ရိုးမားအသင်းတို့ရဲ့ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

play

 

အဆိုပါ ပွဲစဉ်တွေထဲက လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ရဲ့ အင်္ဂလန် ဒါဘီပွဲစဉ်က ပရိသတ် အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ ရှိနေပြီး အဆိုပါ ပွဲ မကြည့်ခင်မှာ ပရိသတ်တွေ သိထားသင့်မယ့် စိတ်ဝင်စားဖွယ် အချက်အလက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

play

 

- ဒီတစ်ကြိမ်က ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ်အသင်းအချင်းချင်းထိပ်တိုက်တွေ့ဆုံတဲ့ ၁၀ ကြိမ်မြောက်ပွဲစဉ်လည်း ဖြစ်လာခဲ့ပါတယ်။ အဆိုပါ ၁၀ ပွဲမှာ လီဗာပူးကယခုပွဲစဉ်အပါအ၀င်ဆိုရင် ၆ ကြိမ်မြောက် ပါဝင်နေတာလည်း ဖြစ်ပါတယ်။

- သမိုင်းတစ်လျှောက် ဒီနှစ်သင်းဟာ ပြိုင်ပွဲစုံ ၁၇၉ ကြိမ်အထိ တွေ့ဆုံခဲ့ဖူးပြီး ယခုတစ်ကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲအောက်မှာ တွေ့ဆုံမှုကတော့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။

- နှစ်ဖက်အသင်းနည်းပြတွေမှာ လီဗာပူးနည်းပြ ဂျာဂျင်ကလော့ပ်ဟာလည်း နည်းပြသက်တမ်းတစ်လျှောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ၅ ကြိမ်အထိ အနိုင်ရဖူးထားပြီး ဒီစံချိန်ကအခြားနည်းပြတွေထက်ပိုမိုသာလွန်နေတာလည်း ဖြစ်ပါတယ်။

- လီဗာပူးဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစစ်ပွဲအပါအ၀င် ၁၀ ပွဲကစားထားရာမှာ ရှုံးပွဲလုံးဝမရှိထားပဲ ၆ ပွဲနိုင်ပြီး ၄ ပွဲသရေကျထားပါ တယ်။

- လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်နောက်ဆုံးရှုံးနိမ့်ခဲ့ချိန်က ၂၀၁၄ ခုနှစ်ကဖြစ်ပြီး ရီးရဲအသင်းကို အိမ်ကွင်းမှာ ၀-၃ နဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။အဆိုပါပွဲ ပြီးကတည်းက ယနေ့အချိန်အထိ ဥရောပပြိုင်ပွဲမှာ အိမ်ကွင်းရှုံးပွဲမရှိတော့ပဲ ၉ ပွဲနိုင် ၅ ပွဲသရေကျထားတာလည်း ဖြစ်ပါ တယ်။

- မန်စီးတီးအသင်းကတော့ ယခုတစ်ကြိမ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကစားတာ အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၅-၁၆ ခုနှစ်က တစ်ကြိမ်ကစားထားပါတယ်။

- လီဗာပူးအသင်းဟာ ယခုနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သွင်းဂိုးအများဆုံး ပိုင်ဆိုင်ထားတဲ့အသင်းအဖြစ် သွင်းဂိုး ၂၈ ဂိုးနဲ့ ရပ်တည်နေပြီး ဒီစံချိန် ဟာ ၂၀၀၂-၀၃ ခုနှစ်က မန်ယူအသင်းသွင်းခဲ့တဲ့စံချိန်နဲ့တူညီနေပြီလည်း ဖြစ်ပါတယ်။

- အထူးခြားဆုံးကတော့ ယခု ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ကစားနေတဲ့ အသင်း (၈)သင်းမှာ လီဗာပူးက ပျမ်းမျှ အသက် ၂၅ နှစ်နဲ့ မန်စီး တီးက ပျမ်းမျှ အသက် ၂၆ နဲ့ ပျမ်းမျှ အသက်အငယ်ဆုံးအသင်းတွေလည်း ဖ်ြစနေတာ ဖြစ်ပါတယ်။

- မန်စီးတီးအသင်းရဲ့ ကစားသမား ဆာနေးဟာ လီဗာပူးအသင်းနဲ့ ကစားထားတဲ့ ၂ ပွဲမှာ ၃ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

- လီဗာပူး တိုက်စစ်မှူး ဖာမင်နိုကလည်း ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လီဗာပူးသွင်းယူထားတဲ့သွင်းဂိုး ၁၀ ဂိုးမှာ ပါဝင်ပတ်သက်ထားနိုင်သူ ဖြစ်ပြီး ၇ ဂိုးသွင်း ၃ ဂိုး ဖန်တီးထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ထားမှုဟာ ရီးရဲက ရော်နယ်ဒိုရဲ့ ၁၄ ကြိမ်မြောက် ပြီးလျှင် ဒုတိယအများဆုံးဖြစ်ပါတယ်။

- လီဗာပူး တိုက်စစ်မှူး ဆာလာဟာလည်း ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အသင်းနဲ့အတူ ၈ ပွဲပါဝင်ကစားထားပြီး ၇ ဂိုးအထိ ပါဝင်ပတ်သက် ထားပါတယ်။ ၆ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးပေးထားတာလည်း ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဒီနှစ်မတိုင်မီ အရင်အသင်းများဖြစ်တဲ့ ရိုးမား၊ချဲလ်ဆီး၊ဘေလ်ဆယ်အသင်းများနဲ့အတူ ချန်ပီယံလိဂ် ၁၅ ပွဲအထိ ကစားဖူးထားပေမယ့် ဆာလာဟာ ၃ ဂိုးသာသွင်းယူထားနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။

ပရိသတ်များအနေနဲ့ လီဗာပူး - မန်စီးတီး ပွဲမကြည့်ခင် အဆိုပါ အချက်အလက်များကို လေ့လားထားခြင်းအားဖြင့် ဘောလုံးပွဲကြည့်ရှုရာမှာ ပို မိုကောင်းမွန်တဲ့ ရသတွေကို ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Source- Bet 365

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD