AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ကြသပတေးနေ့ နံနက်)မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယနေ့ ပွဲစဉ်တစ်ပွဲအဖြစ် ဘာစီလိုနာအသင်းနဲ့ ရိုးမားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

play

 

အဆိုပါ ပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ၅ ကြိမ်မြောက်တွေ့ဆုံမယ့် ပွဲလည်း ဖြစ်လာမှာ ဖြစ်ပြီး ကျန်ခဲ့တဲ့ တွေ့ဆုံမှု ၄ ကြိမ်မှာတော့ တစ်ဦးနဲ့ တစ်ဦးအသာစီး ရရှိထားခြင်းတော့မရှိပါဘူး။

play

 

တစ်ပွဲစီ အနိုင်ရရှိထားကာ ၂ ပွဲအထိ သရေကျထားတာလည်း ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံထားတဲ့ ၂၀၁၅ ခုနှစ်မှာတော့ ဘာစီလိုနာနဲ့ ရိုးမားတို့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ထိုစဉ်က ဘာစီလိုနာအသင်းက တစ်ပွဲနိုင် တစ်ပွဲသရေရရှိထားပြီး နောက်ဆုံး ပွဲစဉ်မှာ ၆-၁ ဂိုးနဲ့ အနိုင်ယူထားပါတယ်။

ရိုးမားအသင်းကတော့ ၂၀၀၂ ခုနှစ်တုန်းက ဘာစီလိုနာကို တစ်ပွဲသရေ ကျကာ နောက်တစ်ပွဲကိုတော့ ၃-၀ ဂိုးနဲ့ ပြန်လည်အနိုင်ယူထားဖူး တာလည်း ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု အရ အသာစီးမရယူထားနိုင်တဲ့ ဘာစီလိုနာအသင်းအနေနဲ့ ယခုတစ်ကြိမ်တွေ့ဆုံမှုမှာရော အသာစီးရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာလည်း ဖြစ်ပါတယ်။

အခြားသော စိတ်ဝင်စားဖွယ်အချက်တွေကတော့ ရိုးမားဟာ ကွာတားဖိုင်နယ်ကို အသင်းသမိုင်းတစ်လျှောက် ၃ ကြိမ်မြောက်တက်လှမ်းလာ ခြင်းဖြစ်ပြီး ၂၀၀၇-၀၈ ခုနှစ်ကတော့ အမြင့်ဆုံး ဆီမီးဖိုင်နယ်အထိ တက်ရောက်ထားနိုင်ခဲ့ပါတယ်။

၂၀၁၃-၁၄ ခုနှစ်ကနေ ယနေ့အချိန်အထိ စီးရီးအေ ကလပ်အသင်းတွေနဲ့ စပိန်အသင်းတွေ ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ဆုံထားမှု ၂၈ ကြိမ် အထိ ရှိခဲ့ပြီး အီတလီကလပ်တွေက ၄ကြိမ်သာ အနိုင်ယူထားနိုင်တာလည်း ဖြစ်ပါတယ်။

မနေ့ကတော့ စပိန်ကလပ် ရီးရဲနဲ့ အီတလီကလပ် ဂျူဗင်တပ်အသင်းတို့ တူရင်မြေမှာ ကစားခဲ့စဉ်က ရီးရဲအသင်းက ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့လို့ ယခု တစ်ကြိမ်မှာရော စပိန်သအသင်းကပဲ ဆက်လက်အသာစီးယူသွားမလား အီတလီအသင်းကပဲ လက်စားချေနိုင်မလား စိတ်ဝင်စားဖွယ် စောင့် ကြည့်သွားရမှာလည်း ဖြစ်ပါတယ်။

Source- Bet 365

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD