AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ကြသပတေးနေ့ နံနက်)မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယနေ့ ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစား စေမှာ ဖြစ်ပြီး လီဗာပူး နဲ့ မန်စီးတီး၊ ဘာစီလိုနာနဲ့ ရိုးမားအသင်းတို့ရဲ့ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်တွေကိုတော့ တစ်ချိန်က လီဗာပူးနဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ပွဲကြို သုံးသပ်ပြောပေးထားတာ ကို DuwunSports ပရိသတ်ကြီးအတွက် ပြန်လည်စုစည်းဖော်ပြပေးလိုက်ပါတယ်။

play

 

ဘာစီလိုနာ - ရိုးမား
--------------------

ရိုးမားအသင်းအနေနဲ့ ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ရမယ်လို့ မြင်ပါတယ်။ဘာစီလိုနာအသင်းကတော့ ဒီတစ်ကြိမ်မှာလည်း ရိုးမားကို ထပ်မံ အသာစီးရယူနိုင်မယ်လို့ ထင်ပါတယ်။

ဘာစီလိုနာအသင်းက သူတို့ရဲ့ နောက်ဆုံးချန်ပီယံလိဂ် ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားပြီး အဆိုပါ ပွဲအကုန်လုံးမှာလည်း တစ်ပွဲပျမ်းမျှ သွင်းဂိုးက ၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

ရိုးမားကတော့ ဘာစီလိုနာ အိမ်ကွင်းမှာ တစ်ကြိမ်မှ အနိုင်မရထားဖူးလို့ ဒီတစ်ကြိမ်မှာလည်း ဘာစီလိုနာအသင်းကသာ ထပ်မံအသာစီး ရယူ သွားမယ်လို့ ပြောချင်ပါတယ်။

ခန့်မှန်း ရလဒ် - ဘာစီလိုနာ ၂-၀ ရိုးမား

play

 

လီဗာပူး - မန်စီးတီး
-------------------

ဒီပွဲက နှစ်သင်းစလုံးရဲ့ ချန်ပီယံလိဂ် ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုပါ။ လီဗာပူးအသင်းက နောက်ဆုံး ချန်ပီယံလိဂ် ၁၀ ပွဲမှာ ရှုံးပွဲလုံးဝမရှိထားပဲ သေချာတာတစ်ခုကတော့ မန်စီးတီးအတွက် ခက်ခဲမယ်လို့ ပြောချင်ပါတယ်။

အမှတ်ပေးဖလားပြိုင်ပွဲမှာ နှစ်သင်းတွေ့ဆုံထားရာမှာတော့ နှစ်သင်းပေါင်း သွင်းဂိုး ၁၂ ဂိုးအထိရှိထားခဲ့တာကြောင့်လည်း ဒီတစ်ကြိမ်တွေ့ဆုံမှု မှာ နှစ်သင်းပေါင်းသွင်းဂိုးများဖို့ ပရိသတ်တွေက မျှော်လင့်နေမယ်လို့လည်း ထင်ပါတယ်။

ဒီပွဲကို ဂိုးမရှိသရေ အဖြစ် ပေးလိုက်မယ်ဆိုရင် ဂျာဂျင်ကလော့ပ်က ချက်ခြင်းလက်ခံမယ်လို့ ယူဆပြီး သူ့အတွက် အဝေးဂိုးမပေးရခြင်းက အကောင်းဆုံး ရလဒ်လို့ မြင်မိပါတယ်။ မန်စီးတီးကတော့ အနိုင်ရဖို့ထက် ဂိုးမပြတ်ဖို့နဲ့ အဝေးဂိုးရဖို့ ဦးစားပေးကစားသင့်တယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် - လီဗာပူး ၂-၁ မန်စီးတီး

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD