AD
AD
AD

မန်စီးတီးအသင်းပိုင် ဘတ်စ်ကားကို လီဗာပူးလ်ပရိသတ်များ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် လီဗာပူးလ်အသင်းသည် မန်စီးတီးအသင်းကို တရားဝင်တောင်းပန်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရှိရပါတယ်။

play

 

 မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဧည့်သည်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ ဘတ်စ်ကားကို အိမ်ရှင်လီဗာပူးလ်ပရိသတ်များက ပုလင်းများ၊ မီးရှူးမီးပန်းများ၊ အခြားလေးလံသည့် အရာဝတ္ထုများနဲ့ ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။

play

 

အန်ဖီးလ်လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်မှာ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိခဲ့တယ်လို့လည်း သိရှိရပြီး ဂွာဒီယိုလာအနေနဲ့ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။ ကားပြတင်းပေါက်၊ ကားမောင်းသူပြတင်းပေါက်မှနေပြီး ကားထဲကို ပစ်ပေါက်မှုများလည်း ရှိခဲ့ပြီး တစ်စုံတစ်ယောက်မှ ဒဏ်ရာမရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒီလိုဖြစ်ပွားခဲ့မှုအပေါ်မှာ လီဗာပူးလ်အသင်းနဲ့ မာဆေးဆိုဒ်ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုတွေ၊ မေးခွန်းတွေ ရှိလာခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကလည်း -

play

 

" ဒီလိုအဖြစ်အပျက်တွေ မဖြစ်ပွားစေဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါ၊ ဒီအဖြစ်အပျက်အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

play

 

လီဗာပူးလ်အသင်းအနေနဲ့လည်း တရားဝင်ထုတ်ပြန်ချက်ကို ကြေငြာခဲ့ပါတယ် - " ဒီလိုလုပ်ရပ်မျိုး ပြုလုပ်တာကို အသင်းအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်၊ ပက်ဂွာဒီယိုလာ၊ သူ့ကစားသမားတွေ၊ ၀န်ထမ်းတွေကို အနူးအညွှတ်တောင်းပန်အပ်ပါတယ်၊ ဒီလိုလုပ်ရပ်မျိုးကို လက်သင့်ခံသွားမှာမဟုတ်ပဲနဲ့  ဖော်ထုတ်အရေးယူဖို့အတွက် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ မန်စီးတီးအသင်းကို တရားဝင်တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။

play

 

" ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး၊ ကံကောင်းစွာနဲ့ပဲ ကစားသမားတွေဟာ ဘာမှမဖြစ်ခဲ့ပါဘူး၊ ကျွန်တော်သိထားတဲ့ လီဗာပူးလ်အသင်းက ဒီလိုမဟုတ်ပါဘူး" လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

play

 

 ဒီဖြစ်စဉ်အတွင်းမှာ ရဲတပ်ဖွဲ့ဝင် (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရှိခဲ့ရပြီးတော့ လီဗာပူးလ်အသင်းနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့လည်း သိရှိရပါတယ်။

 

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD