AD
AD
AD

မန်စီးတီးကို ၃-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက် အသင်းအ၀တ်လဲခန်းအတွင်း အောင်ပွဲခံမှုမရှိခဲ့ကြောင်း လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောကြားလိုက်ပါတယ်။ လီဗာပူးလ်အသင်းဟာ မန်စီးတီးကို ဆာလာ၊ ချိန်ဘာလိန်၊ မာနေတို့ရဲ့ ပထမသွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပြီး ဒုတိယအကျော့မှာ အသာစီးအနေအထားကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပွဲအပြီးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ -

play

 

" ဒီပွဲက အဆုံးအဖြတ်မဟုတ်သေးပါဘူး၊ ၁-၀ ဆိုတဲ့ ရလာဒ်ထက် ပိုကောင်းတယ်ဆိုရုံလောက်ပါပဲ၊ ၃-၁ဂိုး၊ ၃-၂ဂိုး ရလာဒ်တွေထက် ပိုကောင်းတဲ့ ရလာဒ်တစ်ခုပါ၊ ဒါပေမယ့် ပထမပိုင်းပဲ ရှိပါသေးတယ်၊ ကျွန်တော့်အသင်းသားတွေဟာ အ၀တ်လဲခန်းအတွင်းမှာ ပထမပိုင်းရလာဒ်အတွက် အောင်ပွဲခံခြင်းမျိုး မရှိခဲ့ပါဘူး" လို့ ကလော့ပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

" နောက်တစ်ဆင့်ရောက်ပြီလို့ မခံစားရပါဘူး၊ ကျွန်တော်တို့ ဆက်လုပ်ရမှာတွေ ရှိပါသေးတယ်၊ နောက်ထပ်ကစားရမယ့် ပွဲတွေ ရှိနေသေးတာကြောင့် တိုက်ပွဲဝင်ရဦးမှာပါ၊ ဒါက ကျွန်တော်တို့ရဲ့ ဘ၀ပါပဲ၊ လွယ်ကူမှုတွေချည်းပဲ ရှိနေတာမဟုတ်ပါဘူး" လို့ ကလော့ပ်က ထပ်ပြောခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းကတော့ မနေ့ညက ပွဲစဉ်မှာ  ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု တစ်ကြိမ်မှ မရှိခဲ့ပဲ လီဗာပူးလ်အသင်းကို အရှုံးပေးခဲ့ရခြင်းလည်း ဖြစ်သည်။ အဆိုပါအကြောင်းအရာကို ကလော့ပ်က -

play

 

" သူတို့ဟာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့ပါဘူး၊ ကျွန်တော်တို့ ဘယ်လိုစွမ်းဆောင်ခဲ့လဲဆိုတာ မသိတော့ပါဘူး၊ သူတို့က အရမ်းကောင်းတဲ့ အသင်းတစ်သင်းပါ၊ သူတို့ကစားပုံက အဆိုးရွားကြီးလည်းမဟုတ်ပါဘူး၊ ဖြစ်တောင့်ဖြစ်ခဲအခြေအနေတစ်ခုပါ၊ သူတို့တွေ အဲဒီလို တကယ်ဖြစ်ခဲ့တယ်ဆိုရင်တော့ ကျွန်တော်အရမ်းပျော်ရွှင်မိပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီး နဲ့ လီဗာပူးလ်တို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကိုတော့ ဧပြီလ (၁၁) ရက်နေ့မှာ ကစားသွားမှာ ဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD