AD
AD
AD

ရိုးမားအသင်းကို အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းဟာ ရိုးမားအသင်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ ဂိုး (၂) ဂိုးကို လက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီဂိုးတွေဟာ ကံကောင်းမှုမဟုတ်ပဲ မိမိတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့တာဖြစ်ကြောင်း ဘာစီလိုနာနောက်ခံလူ ပီကေးက ပြောကြားလိုက်ပါတယ်။

play

 

ဘာစီလိုနာအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သူ ပီကေးက -

play

 

" ကံကောင်းမှုမဟုတ်ပါဘူး၊ ကျွန်တော်တို့က ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့တာဖြစ်ပြီးတော့ ဒီလိုမျိုး အကျိုးအမြတ်တွေ ရရှိခဲ့တာပါ" လို့ ပီကေးက ပြောကြားခဲ့ပါတယ်။  ရိုးမားအသင်းကတော့ ဒီရော့စီ၊ မာနိုလက်စ်တို့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု (၂)ကြိမ်ကို ခွင့်ပြုခဲ့ရပြီး နူးကမ့်မှာ ဂိုးပြတ်အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

" ရိုးမားက အသင်းကောင်းတစ်သင်းပါ၊ ကောင်းကောင်းကစားနိုင်ခဲ့ပြီးတော့ ခံစစ်ကို ဦးစားပေးကစားမယ်လို့ မျှော်လင့်ခဲ့တာပါ၊ ဒါပေမယ့် သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေက အန္တရာယ်ရှိခဲ့ပါတယ်၊ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်နိုင်ခဲ့ပြီးတော့ ဒီလိုခြေစွမ်းမျိုးကို ရာသီကုန်ဆုံးတဲ့အချိန်ထိ ထိန်းသိမ်းသွားရမှာပါ၊ ဒီရာသီက ကျွန်တော်တို့ရဲ့ သန်မာမှုကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်၊ အမှတ်ပေးဖလားကို ရရှိဖို့ အခြေအနေကောင်းနေသလို၊ ကိုပါဒယ်ရေးမှာလည်း ကျွန်တော်တို့ဟာ ဖိုင်နယ်ကို ရောက်ရှိနေပါပြီ" လို့လည်း ပီကေးက ထပ်မံပြောဆိုခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ဖလား(၃)လုံး မျှော်လင့်ချက် ရှိနေပြီးတော့ လာလီဂါမှာလည်း ရှုံးပွဲမရှိစံချိန်နဲ့ ဖလားယူဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်နေတဲ့ အသင်းဖြစ်ပါတယ်။ နည်းပြ ဗယ်လ်ဗာဒီရဲ့ ဘာစီလိုနာနည်းပြ ပထမဆုံးရာသီဟာ စံချိန်မှတ်တမ်းတွေနဲ့ စတင်နိုင်တော့မှာလားဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းလာပြီ ဖြစ်ပါတယ်။ ရိုးမား နဲ့ ဘာစီလိုနာတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကိုတော့ ဧပြီလ (၁၁)ရက်နေ့မှာ ရောမမှာ ကစားသွားမှာ ဖြစ်ပါတယ်။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD