AD
AD
AD

ဒီနေ့ညမှာ ကစားရမယ့် CSKA နဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက် ပါဝင်လာဖွယ်ရှိကြောင်း သိရပါတယ်။ အသက် (၂၆) နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ဒူးဒဏ်ရာမှ ပြန်လည်သက်သာလာပြီး စတုတ်စီးတီးနဲ့ပွဲစဉ်မှာ ပြန်လည် ပါဝင်ကစားနိုင်ခဲ့ပါတယ်။

play

 

အာဆင်နယ်အတွက် စုစုပေါင်း (၂၉)ပွဲ ကစားထားပြီး (၉)ဂိုး သွင်းယူပေးထားတဲ့ လာကာဇက်ဟာ ဖေဖော်ဝါရီလအတွင်းမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီးတော့ လအနည်းငယ် အနားယူခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ လာကာဇက်ဟာ ကြံ့ခိုင်မှုပြည်လည် ပြည့်ဝလာပြီး ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့် ရရှိနိုင်ကြောင်း သိရပါတယ်။

play

 

" အကောင်းဆုံးအနေအထားနဲ့ သူပြန်လာနိုင်ပါတယ်၊ လေ့ကျင့်ကွင်းမှာ သူ့ကိုမြင်တွေ့ရတာကတော့ သူ အဆင့်သင့်ဖြစ်နေပါပြီ၊ ဒါပေမယ့် CSKA နဲ့ပွဲစဉ်မှာ သူ ပွဲထွက်ခွင့်ရမှာလားဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး၊ အသင်းလူစာရင်းမှာတော့ သူ သေချာပေါက် ပါဝင်လာမှာပါ" လို့ အာဆင်နယ်နည်းပြကြီး အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

play

 

" ဒီပြိုင်ပွဲက အသင်းအတွက် အခွင့်အရေးတစ်ခုပါပဲ၊ အိပ်မမက်တွေထဲမှာပဲ ရှင်သန်နေလို့မရပါဘူး၊ ကျွန်တော်တို့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်နေပါပြီ၊ တစ်ဆင့်ပြီးတစ်ဆင့် သွားရတော့မှာပါ" လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ စတုတ်စီးတီးနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ကွင်းထိုင်ခုံတွေမှာ နေရာလွတ်တွေရှီနေခဲ့ပြီး အသင်းကို ပရိသတ်တွေ လာရောက်အားပေးမှုက လျော့ကျခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းဟာ ပရိသတ် ၅၉၈၆၇ ယောက်အထိ ၀င်ဆံ့တဲ့ ကွင်းကြီးဖြစ်ပေမယ့်လည်း စတုတ်နဲ့ပွဲစဉ်မှာတော့ ပရိသတ်ဦးရေ ၅၉၃၇၁ သာ ရှိခဲ့ပါတယ်။ မတ်လအတွင်းက ကစားခဲ့တဲ့ ၀က်ဖို့ဒ်နဲ့ ပွဲစဉ်မှာလည်း ပရိသတ်နည်းပါးမှုတွေ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ၀င်းဂါးက -

play

 

" ဒီအတွက် မစိုးရိမ်ပါဘူး၊ အသင်းက ဘယ်အခြေအနေပဲဖြစ်ဖြစ် သူတို့ဟာ ကျွန်တော်တို့နောက်မှာ အမြဲရှိနေရမှာပါ၊ ဒါပေမယ့်လည်း အသင်းရဲ့ ခြေစွမ်းနဲ့ရလာဒ်ပေါ်မူတည်ပြီး သူတို့တွေ ကွင်းထဲမှာ ရှိမရှိ ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်၊ အသင်းရဲ့ ကွင်းမှာ ပရိသတ်တွေ လျော့ကျမှုက ကျွန်တော်တို့နဲ့ သက်ဆိုင်ပါတယ်၊ ဒါပေမယ့် CSKA နဲ့ပွဲအတွက်တော့ ပြသနာရှိလိမ့်မယ်လို့ မထင်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

play

 

အသင်းရဲ့ ပွဲထွက်ဂိုးသမားနေရာအတွက်တော့ ပီတာဆက် နဲ့ အော့စ်ပင်နာတို့က အပြိုင်အဆိုင်ဖြစ်နေပြီး ပီတာဆက်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ကို ပွဲထွက်ခွင့်ပေးမှာလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ ၀င်းဂါးက  "မနက်ဖြန်ကျ တွေ့ရပါလိမ့်မယ်" လို့သာ ဖြေကြားခဲ့ပါတယ်။

ှSource : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD