AD
AD
AD

မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်သေးတယ်လို့ ယုံကြည်ကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အန်ဖီးလ်မှာ ပထမပိုင်း သွင်းဂိုး (၃)ဂိုးနဲ့ အရေးနိမ့်ခဲ့အပြီးမှာ မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာရတော့မယ်လို့ ဝေဖန်နေမှုတွေအပေါ်မှာလည်း ဂွာဒီယိုလာက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

play

 

" မိနစ်ကိုးဆယ်ပဲ ရှိပါသေးတယ်၊ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ၊ ဒါက ဘောလုံးမှာ ဖြစ်တတ်တာမျိုးပါ၊ ကျွန်တော်တို့ လုံးဝဥသုံပြီးဆုံးသွားတာမဟုတ်ပါဘူး၊ ဒီနေ့မှာ လူတွေက ရီးရဲလ်၊ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် နဲ့ လီဗာပူးလ်တို့ နောက်တဆင့်ကို ရောက်သွားပြီလို့ ပြောနေကြပါတယ်၊ ဒါပေမယ့် နောက်ထပ် မိနစ်ကိုးဆယ် ကျန်ပါသေးတယ်၊ ဆီဗီလာ၊ ဂျူဗင်တပ်စ် နဲ့ ကျွန်တော်တို့မှာ ကြိုးစားခွင့်ရှိပါသေးတယ်၊ အရမ်းခက်ခဲပေမယ့် ကျွန်တော်တို့ဟာ ထိပ်တန်းအသင်းဖြစ်ပါတယ်၊ နောက်တဆင့်တက်ရောက်ဖို့အတွက် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ဂွာဒီယိုလာ ပြောကြားခဲ့ပါတယ်။

play

 

ဂွာဒီယိုလာဟာ မနေ့ညကပွဲမှာ ရာဟင်စတာလင်ကို ပွဲထွက်စာရင်းမှ ချန်လှပ်ခဲ့သလို ဂန်ဒိုဂန်ကို ကွင်းလယ်မှာ ထည့်သွင်းကစားစေခဲ့ပြီးတော့ သူ့ရဲ့ ရည်ရွယ်ချက်ဟာ အထမြောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။

play

 

" ဘောလုံးပေးပို့မှုအများအပြား ပြုလုပ်နိုင်ဖို့နဲ့ ကွင်းလယ်ကို ထိန်းချုပ်ဖို့ လုပ်ခဲ့တာပါ၊ ဂန်ဒိုဂန်အနေနဲပ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ဟာ ကွင်းလယ်ပိုင်းကို ပိုပြီးထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ" လို့ ဂွာဒီယိုလာက သူ့ရဲ့ နည်းဗျူဟာကို ရှင်းလင်းခဲ့ပါတယ်။

play

 

လီဗာပူးလ်နဲ့မန်စီးတီးပွဲမတိုင်ခင်မှာ မန်စီးတီးအသင်းရဲ့ ဘတ်စ်ကားကို လီဗာပူးလ်ပရိသတ်များက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပြီးတော့ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ဂွာဒီယိုလာက -

play

 

" ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး၊ ကျွန်တော်တို့က ဒီကို ဘောလုံးကစားဖို့ လာခဲ့တာပါ၊ ဒီလိုဖြစ်ခဲ့ရမှုအပေါ်မှာ ဘယ်လိုမှ နားမလည်နိုင်အောင်ပါပဲ၊ ဒါက ကျွန်တော်သိထားတဲ့ လီဗာပူးလ်မဟုတ်ပါဘူး" လို့  ပြောကြားခဲ့ပါသေးတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD