AD
AD
AD

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ယူရိုပါလိဂ်ဖလားကို အရယူသွားရန် ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။  အက်သလက်တီကိုအသင်းကတော့ ဒီနေ့ညမှာ စပို့တင်းလစ္စဘွန်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာလည်း ဖြစ်ပါတယ်။

play

 

ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တတိယနေရာသာ ရရှိခဲ့ပြီး ရိုးမား၊ ချယ်လ်ဆီးတို့ရဲ့ နောက်မှာ ရပ်တည်ခဲ့ရတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ယူရိုပါလိဂ်ကို ၃၂သင်းအဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ကိုပင်ဟေဂင်အသင်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ၁၆ သင်းအဆင့်မှာတော့ လိုကိုမိုးတစ်မော်စကိုအသင်းကို (၂)ကျော့ပေါင်း (၈) ဂိုးအထိ သွင်းယူပြီး ကွာတားဖိုင်နယ်ကို အလွယ်တကူ တက်ရောက်နိုင်ခဲ့ပါတယ်။

play

 

" လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ရှိကြမှာပါ၊ လွယ်ကူတဲ့အနေအထားတစ်ခုကို ကျော်ဖြတ်နေရတယ်လို့ ကျွန်တော်ကတော့ မယုံကြည်ပါဘူး၊ ဘိုင်ယန်နဲ့ရင်ဆိုင်ရတဲ့အခါ မလွယ်ကူဘူးလို့ သူတို့က ပြောကြပေမယ့် အတ္တလန်တာလိုအသင်းနဲ့တွေ့ရင် လွယ်ကူတယ်လို့ သူတို့ ပြောကြမှာပါပဲ၊ တကယ်တမ်းတော့ ပွဲစဉ်တိုင်းကို အကောင်းဆုံးကြိုးစားပြီး ကစားမှသာ နောက်တဆင့်ကို တက်ရောက်လိမ့်မယ်လို့ ကျွန်တော်က ယူဆပါတယ်" လို့ ဆီမြွန်နီက ပြောခဲ့ပါတယ်။

play

 

" စပို့တင်းအသင်းဟာ နည်းပြကောင်းတစ်ယောက်ရှိပြီးတော့ သူက သူ့အသင်းကို အမြဲတမ်းအကောင်းဆုံးပုံစံဖြစ်နေအောင် ထိန်းကျောင်းနေတာပါ၊ ချန်ပီယံလိဂ်မှာ ဒုတိယရခဲ့တာဟာ ကောင်းမွန်တဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်၊ ဒါပေမယ့် ချန်ပီယံဖြစ်တာက ပိုပြီးတော့ ကောင်းမွန်တာပါ၊ ဒါကြောင့်မို့လို့ ကျွန်တော့်အတွေးအခေါ်အရဆိုရင်တော့ ချန်ပီယံလိဂ်မှာ ဒုတိယရတာထက် ယူရိုပါလိဂ်မှာ ဗိုလ်စွဲတာကို ပိုပြီးတော့ မက်မောပါတယ်" လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

play

 

အက်သလက်တီကိုမက်ဒရစ်ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် ရီးရဲလ်ကို အရေးနိမ့်ခဲ့ပြီးတော့ ဒုတိယဆု ရယူဖူးတဲ့ အသင်းဖြစ်ပြီး ယူရိုပါလိဂ်ဖလားကိုတော့ ၂၀၀၉-၁၀၊ ၂၀၁၁-၁၂ ခုနှစ်တွေမှာ ဆွတ်ခူးထားတဲ့ အသင်းလည်းဖြစ်ပါတယ်။ လက်ရှိ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း အက်သလက်တီကိုအသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပြီး အဓိကပြိုင်ဘက်အဖြစ် အာဆင်နယ်အသင်း တစ်သင်းတည်းကိုပဲ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

Source : Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD