AD
AD
AD

ဘာစီလိုနာအသင်းဟာ ရိုးမားနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင်မှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး လီယွန်နယ်မက်ဆီကို ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀ ပြည့်အမှတ်တရအနေနဲ့ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ မက်ဆီဟာ ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ဒီမှတ်တမ်းကို ရရှိခဲ့တာဖြစ်ပြီးတော့ အသင်းဖော်ဟောင်းလည်းဖြစ်၊ အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ကားလက်စ်ပူယိုးလ်က အမှတ်တရဆုကို ပေးအပ်ခဲ့ပါတယ်။

play

 

အဲဒီအမှတ်တရဆုကတော့ မက်ဆီရဲ့ ပုံနှစ်ပုံပါဝင်ပြီးတော့ ပထမပုံကတော့ မက်ဆီရဲ့ ချန်ပီယံလိဂ်ပထမဆုံးသွင်းဂိုးအတွက် အောင်ပွဲခံနေတဲ့ပုံဖြစ်ပြီး နောက်တစ်ပုံကတော့ ဂိုး၁၀၀ပြည့်မြောက်တဲ့ သွင်းဂိုးအတွက် အောင်ပွဲခံနေတဲ့ ပုံဖြစ်ပါတယ်။ အဆိုပါ ပုံတွေကို ဖန်သားနဲ့ ဘောင်ကွပ်ထားတာဖြစ်ပြီးတော့ " MESS100 GOLS LA UEFA CHAMPIONS LEAGUE" ဆိုတဲ့ စာတမ်းလည်း ပါဝင်ပါတယ်။

play

 

ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်း ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီးတော့ ဂျူဗင်တပ်စ်အသင်းကို ၂ဂိုးသွင်းယူအပြီးမှာ သူ့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးစုစုပေါင်းဟာ ၁၁၉ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ မက်ဆီဟာ သူ့ရဲ့ ချန်ပီယံလိဂ်ပထမဆုံး သွင်းဂိုးကို ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့က ကစားခဲ့တဲ့ ပင်နယ်သီယာကော့စ်အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

မက်ဆီအနေနဲ့ ချန်ပီယံလိဂ်မှာ ၁၂၄ပွဲ ကစားပြီး ဂိုး ၁၀၀ သွင်းယူထားပြီး ၂၇ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD