AD
AD
AD

ဒီနေ့မနက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ လာကာဇက်ကို ရှေ့မှာထားပြီး အိုဇေးလ်၊ ၀ီရှီးယား၊ မစ်ခီတာရန်၊ ရမ်ဆေး အစရှိတဲ့ ကစားသမားအစုံအလင်နဲ့ အိမ်ကွင်းမှာ ပွဲထွက်လာခဲ့ပါတယ်။ စီအက်စ်ကေအေအသင်းကလည်း လက်စတာက အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး မူဆာကို ၀မ်းဘလွန်းနဲ့ တွဲဖက်ပေးခဲ့ပြီး ၃-၅-၂ ပုံစံနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ပါတယ်။

play

 

အာဆင်နယ်ကတော့ အိမ်ရှင်အသင်းပီပီ ပွဲစကတည်းက ဖိအားပေးကစားခဲ့ပြီး ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲချိန် (၉) မိနစ်မှာတော့ ရမ်ဆေးက ဘယ်လာရင်ရဲ့ဖန်တီးပေးမှုကနေ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်း စီအက်စ်ကေအေရဲ့ ကစားပုံ အနည်းငယ်ကောင်းမွန်လာပြီး အာဆင်နယ်ကို ပြန်လည်ဖိအားပေးနိုင်ခဲ့ကာ ၁၅ မိနစ်မှာတော့ ဂိုလိုဗင်က ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

play

 

အာဆင်နယ်အနေနဲ့ ချေပဂိုးပေးလိုက်ရတာမို့ အနည်းငယ်ဖိအားဝင်သွားခဲ့ပြီး ကစားကွက်အနည်းငယ် ပျက်ယွင်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ၂၃ မိနစ်မှာတော့ အာဆင်နယ်တို့ ပယ်နယ်တီရခဲ့ပြီး လာကာဇက်က အမှားအယွင်းမရှိ ကန်သွင်းယူပြီး အာဆင်နယ်ကို ပြန်လည်ဦးဆောင်စေခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ရမ်ဆေးက အိုဇေးလ်ရဲ့ ဖန်တီးပေးမှုမှတဆင့် တတိယဂိုးသွင်းယူခဲ့ပြီး ပွဲချိန် (၃၅) မိနစ်မှာောတ့ လာကာဇက်က တစ်ဂိုး ထပ်မံသွင်းယူခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ အာဆင်နယ်က ၄-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး အိမ်ကွင်းမှာ ဦးဆောင်နေခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း အာဆင်နယ်ကပဲ ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့သေးပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် နောက်ထပ်ဂိုးတွေ မရရှိခဲ့သလို ဧည့်သည်အသင်းကလည်း ချေပဂိုးတွေရဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ဂိုးသွင်းမသေချာမှုနဲ့၊ အာဆင်နယ်နောက်တန်းကို မထိုးဖောက်နိုင်မှုတွေကြောင့် ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ဂိုးတွေ ထပ်မရခဲ့ပါဘူး။

play

 

အာဆင်နယ်ကတော့ မီခီတာရန်၊  ၀ီရှီးယား၊ လာကာဇက်တို့ကို လူစားလဲလှယ်ခဲ့ပြီးတော့ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေး ကစားခဲ့ကာ ပွဲရလာဒ်ကို ထိန်းထားနိုင်ခဲ့လို့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အတွက် တစ်နေရာစာ သေချာလုနီးပါး ဖြစ်ခဲ့ပါတယ်။ စီအက်စ်ကေအေကတော့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ၃ဂိုးပြတ်အသာရမှာသာ အာဆင်နယ်ကို ကျော်ဖြတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD