AD
AD
AD

အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ စပို့တင်းလစ္စဘွန်းတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ အိမ်ရှင်အက်သလက်တီကိုအသင်းက အိမ်ကွင်းမှာ အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ ဂရစ်မန်းဇ်၊ ဒီယေဂိုကော်စတာတို့ကို ပွဲထုတ်ခဲ့ပြီး အင်ပြည့်အားပြည့်နဲ့ ကစားစေခဲ့ပါတယ်။ ဧည့်သည် လစ္စဘွန်းကတော့ ဘတ်စ်တော့တစ်ဦးတည်းကို အထောင်တိုက်စစ်မှူးအဖြစ် ကစားစေခဲ့ပြီး ဘရိုင်ယန်ရုဇ်၊ ၀ီလျံကာဗယ်ဟို၊ ကွန်ထရာအို အစရှိတဲ့ ကစားသမားတွေနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ပါတယ်။

play

 

အက်သလက်တီကိုကတော့ ထုံးစံအတိုင်း ကစားကွက်မှန်မှန်နဲ့ အိမ်ကွင်းမှာ အသာစီးရယူဖို့ ကြိုးစားခဲ့ပြီး ကွင်းလယ်ပိုင်းကို လွှမ်းမိုးနိုင်ခဲ့ပြီး အချိန်တန်ဂိုးရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကစားခဲ့ပါတယ်။ ကိုကီ၊ ဆောနီဂွက်ဇ်၊ ကော်ရီယာတို့ရဲ့ ကွင်းလယ်ပိုင်း တွဲလုံးတွေကတငဆင့် ကော်စတာနဲ့ဂရစ်မန်းဇ်တို့က တိုက်စစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပြီး ပွဲအစ (၁) မိနစ်မှာကတည်းက ကိုကီက ကော်စတာရဲ့ ဖန်တီးပေးမှုကို အဆုံးသတ်နိုင်ခဲ့တာကြောင့် အိမ်ရှင်အသင်း စောစောစီးစီး အဖွင့်ဂိုးရရှိခဲ့ပါတယ်။

play

 

အဲဒီနောက်မှာလည်း အက်သလက်တီကိုကပဲ တိုက်စစ်အားပြု ကစားခဲ့ပြီးတော့ ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပါတယ်။ လစ္စဘွန်းကတော့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေ မဖန်တီးနိုင်တာမို့ ချေပဂိုး ပြန်လည်ရရှိဖို့ အလှမ်းဝေးနေခဲ့ပါတယ်။ တစ်သင်းနဲ့တစ်သင်း အပြန်အလှန်ထိုးဖောက်နိုင်မှုတွေ ရှိခဲ့ပေမယ့် အဆုံးသတ်သေချာတဲ့ အက်သလက်တီကိုကပဲ ဂိုးထပ်ရခဲ့ပြီး မိနစ် (၄၀) မှာ ဂရစ်မန်းဇ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

play

 

အက်သလက်တီကိုကတော့ သူတို့ရဲ့ ခံစစ်ပိုင်းမာကျောမှုကို ထပ်မံပြသနီုင်ခဲ့တဲ့ ပွဲဖြစ်ပြီး အိမ်ကွင်းမှာ ပေးဂိုးမရှိအောင် ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ စပို့တင်းအနေနဲ့ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် သိပ်မရခဲ့သလို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေလည်း မဖန်တီးနိုင်ခဲ့တာကြောင့် အဝေးဂိုး မရရှိခဲ့ပဲ အက်သလက်တီကိုခံစစ်ပိုင်းရဲ့ တောင့်တင်းမှုကို မကျော်ဖြတ်နိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

play

 

ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိခဲ့တဲ့ စပို့တင်းအနေနဲ့ အက်သလက်တီကိုကို တစ်ပွဲလုံးမှာ အဲဒီအချက်ပဲ ယှဉ်နိုင်ခဲ့ပြီး အခြားဘယ်နေရာမှာမှ ယှဉ်ကစားနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်တဲ့ အက်သလက်တီကိုအတွက်တော့ အိမ်ကွင်းမှာ ၂-၀ ဆိုတဲ့ ရလာဒ်ကြောင့် နောက်တဆင့်တက်ဖို့အတွက် တော်တော်လေး သေချာနေခဲ့ပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD