AD
AD
AD

လက်ဖျားခါလောက်တဲ့ ခြေစွမ်းမျိုးကို ပထမပိုင်းမှာ ပြသခဲ့ပြီးတော့ အာဆင်နယ်ဟာ ပထမပိုင်းမှာပဲ သူတို့ရဲ့ အလုပ်ကို ပြီးမြောက်အောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ CSKA အသင်းကို  ပထမပိုင်း သွင်းဂိုး (၄) ဂိုးနဲ့ အာဆင်နယ်အသင်းက အနိုင်ယူခဲ့တာဖြစ်ပြီး အဲဒီအပေါ်မှာ ၀င်းဂါးက ကျေနပ်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အာရွန်ရမ်ဆေး နဲ့ လာကာဇက်တို့က (၂)ဂိုးစီ သွင်းယူပေးခဲ့ပြီး ဂန်းနားတို့ဟာ ပထမအကျော့မှာ ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက်အပတ် အင်္ဂါနေ့မှာတော့ ရုရှမြေမှာ ဒုတိယအကျော့ကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြကြီး ၀င်းဂါးက -

play

 

" လက်တွေ့ကျကျ လုပ်နိုင်ခဲ့တာပါ၊ ဒီပွဲကို အနိုင်ရဖို့အတွက် ကြိုးစားခဲ့တာဖြစ်ပြီးတော့ အကောင်းဆုံးခြေစွမ်းနဲ့ အနိုင်ရခဲ့တာပါ" လို့ ပြောကြားခဲ့ပါတယ်။

play

 

အာရွန်ရမ်ဆေးရဲ့ အဖွင့်ဂိုးကို ဂိုလိုဗင်က ပြန်လည်ချေပနိုင်ခဲ့ပေမယ့် မီဆွတ်အိုဇေးလ်ကြောင့် ရရှိတဲ့ ပယ်နယ်တီကို လာကာဇက်က သွင်းယူခဲ့ပြီး အာဆင်နယ်က ဦးဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရမ်ဆေးရဲ့ လှပတဲ့ မြေမကျကန်ချက်၊ အိုဇေးလ်ရဲ့ ဖန်တီးပေးမှုကို လာကာဇက်က သွင်းယူခဲ့မှုနဲ့အတူ အာဆင်နယ်က ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

play

 

" ပထမပိုင်းမှာတင် ကျွန်တော်တို့ရဲ့ အလုပ်ကို ပြီးဆုံးအောင် လုပ်နိုင်ခဲ့ပါတယ်၊ အရမ်းကောင်းတဲ့ အစပြုခြင်းပါပဲ၊ နှစ်သင်းစလုံးက အစွမ်းကုန်ကြိုးစားခဲ့တာဖြစ်ပြီးတော့ ပထမပိုင်းမှာ ကျွန်တော့်အသင်းဟာ စစ်မှန်တဲ့ခြေစွမ်းကို ပြသခဲ့ပါတယ်" လို့လည်း အာစင်ဝင်းဂါးက ထပ်ပြောခဲ့ပါတယ်။

play

 

ဒီနိုင်ပွဲကြောင့် အာဆင်နယ်ရဲ့ ယူရိုပါလိဂ်ဖလားဆွတ်ခူးရေး ရည်မှန်းချက်ဟာ ပိုပြီးတော့ အကောင်အထည်ပေါ်လာခဲ့သလို ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးကောင်းကို အာဆင်နယ်အသင်း ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD