AD
AD
AD

ပီအက်စ်ဂျီအသင်း ကစားသမား ဘင်အာဖာဟာ အသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ပွဲစဉ် တစ်နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံလေးတစ်ပုံတင်ပြီးတော့ အသင်းအပေါ်ကို လှောင်ပြောင်ခဲ့ပါတယ်။ ဘင်အာဖာကတော့ အူနိုင်းအမ်မရီရဲ့လက်အောက်မှာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေခဲ့ပြီးတော့ သူဟာ အသင်းအတွက် ပါဝင်ကစားခွင့်မရတာ (၁) နှစ်အထိ ပြည့်မြောက်သွားပြီလည်း ဖြစ်ပါတယ်။

play

 

ကိတ်မုန့်တစ်လုံးပေါ်မှာ ဖယောင်းတိုင်ထွန်းထားပြီးတော့ ဘင်အာဖာဟာ ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ အဖြူရောင်တီရှပ်နဲ့ မီးခိုးရောင်ဘောင်းဘီကို ၀တ်ဆင်ထားပြီးတော့ ဘင်အာဖာဟာ လက်မထောင်နေတဲ့ ပုံစံ ပြုလုပ်ခဲ့ပြီးတော့ ရယ်မောနေခဲ့လည်း ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့နှစ် ဧပြီလက ကစားခဲ့တဲ့ ပြင်သစ်လိဂ်ဖလား ကွာတားဖိုင်နယ်မှာ ဘင်အာဖာဟာ နောက်ဆုံးပွဲအဖြစ် ကစားခဲ့ရတာဖြစ်ပြီးတော့ အဲဒီပွဲစဉ်မှာတော့ သူက နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ "Happy birthday to me. Celebrating one year in the cupboard," ဆိုတဲ့ စာသားကိုလည်း ဘင်အာဖာက ရေးသားခဲ့ပါသေးတယ်။

play

 

လိုင်ယွန်၊ မာဆေး နဲ့ နိုက်စ်အသင်းတို့ရဲ့ ကစားသမားဟောင်း အသက် (၃၁) နှစ်အရွယ် ဘင်အာဖာဟာ ရာသီကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မယ်လို့လည်း အတည်ပြုပြောကြားထားပြီး ဖြစ်ပါတယ်။ နိုက်စ်အသင်းမှာ ခြေစွမ်းပြသခဲ့ပြီး ပြင်သစ်လိဂ် တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ပြီးနောက် ဘင်အာဖာဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီးတော့ အရံခုံပေါ်မှာသာ အချိန်ကုန်နေခဲ့ရတာလည်း ဖြစ်ပါတယ်။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD