AD
AD
AD

တနင်္ဂနွေနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများနဲ့ အခြားသတင်းများကို စုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။

- မန်စီးတီးကို အံ့ဖွယ်သရဲ အနိုင်ယူခဲ့တဲ့ ဒါဘီပွဲမှာ အသင်းဟာ ဒုတိယပိုင်းမှာ နည်းဗျူဟာပိုင်းအပြောင်းအလဲကို ပြုလုပ်ခဲ့တာကြောင့်ဖြစ်ပြီး အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်တယ်လို့လည်း မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

play

 

- Daily Star ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအနေနဲ့ မန်ယူက ပေါ့ဂ်ဘာနဲ့မာရှယ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ရင် အပြန်အလှန်အနေနဲ့ မန်ယူက နေမာကို ပြန်လည်ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

play

 

- ရီးရဲလ်မက်ဒရစ်ကတော့ ရာသီကုန်မှာ နည်းပြဇီဒန်းအသင်းက ထွက်ခွာခဲ့ရင် လီဗာပူးလ်နည်းပြ ကလောပ့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဇီဒန်းကို ဘိုင်ယန်မြူးနစ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

play

 

- မန်စီးတီးအသင်းရဲ့ ဘတ်စ်ကားကို တိုက်ခိုက်ခဲ့မှုအတွက် UEFA က လီဗာပူးလ်အပေါ် အရေးယူမှုတွေ စတင်ဆောင်ရွက်နေပြီလို့ Sunday Mirror ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

play

 

- ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပြီး စာချုပ်သစ်အရ တစ်နှစ်လုပ်ခ ပေါင် သန်း၂၀ အထိ ရရှိမယ်လို့ သိရှိရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ လခအများဆုံးရရှိမယ့် နည်းပြအဖြစ် ဖြစ်လာမှာလဲ ဖြစ်ပါတယ်။

play

 

- ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကတော့ ချယ်လ်ဆီးနည်းပြဖြစ်လာဖို့ ပိုမိုနီးစပ်လာပြီလို့ Express က ဖော်ပြခဲ့ပါတယ်။ အယ်လီဂရီကလည်း ပရီးမီးယားလိဂ်ကို လာရောက်ဖို့ စိတ်အားထက်သန်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD