AD
AD
AD

ဧပြီ (၉)ရက်၊ တနင်္လာနေ့ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများနဲ့ အခြားသတင်းများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

play

 

- ရှက်တာဒိုးနတ်ကွင်းလယ်လူ ဖရက်ဒ်ကို ခေါ်ယူရန်အတွက် မန်ချက်စတာအသင်း နှစ်သင်း အပြိုင်အဆိုင်ဖြစ်နေပြီး လာမယ့်နွေရာသီမှာ ဖရက်ဒ်ကို အရခေါ်ယူဖို့ မန်ယူနဲ့မန်စီးတီးတို့ ကြိုးစားဖွယ်ရှိကြောင်း Daily Mirror က ဖော်ပြခဲ့ပါတယ်။

play

 

- ကွင်းလယ်လူ မီခီတာရန်အနေနဲ့ အနည်းဆုံး ရက်သတ္တပတ် (၂)ပတ်ကြာခန့် အနားယူရဖွယ်ရှိပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုပါ လွဲချော်နိုင်တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

play

 

- လီဗာပူးလ်အသင်းဟာ အသင်းကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် မန်ယူအသင်းက ထွက်ခွာတော့မယ့် ဖယ်လိုင်နီကို ခေါ်ယူဖို့ကြိုးစားနေကြောင်း သိရပါတယ်။ ဒါဟာ မန်ယူနဲ့လီဗာပူးလ်တို့ကြား ကစားသမားတိုက်ရိုက်အပြောင်းအရွှေ့ ရှားပါးမှုတွေထဲက တစ်ခု ဖြစ်လာမှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။

play

 

- ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ ဖရန့်ရီဘာရီ နဲ့ အာယန်ရော်ဘင်တို့ဟာ အသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးမြှင့်လိုတယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။ လာမယ့်နွေရာသီမှာတော့ အဆိုပါကစားသမား (၂)ဦးစလုံးဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။

play

 

- စီးရီးအေဘီလူးကြီး ဂျူဗင်တပ်စ်ဟာ ရီးရဲလ်ကွင်းလယ်လူ အစ္စကို ကို ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း Don Balon ရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ အစ္စကိုဟာ လာမယ့်နွေရာသီမှာ အသင်းက ထွက်ခွာဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

play

 

- ၀က်ဖို့ဒ်တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီ၊ မိုနာကို၊ ချယ်လ်ဆီး နဲ့ အာဆင်နယ်တို့ အပြိုင်အဆိုင်စိတ်ဝင်စားနေကြပါတယ်။ ၀က်ဖို့ဒ်အတွက် အကောင်းဆုံးခြေစွမ်း ပြသနေတဲ့ ဘရာဇီးလ်ကစားသမားကို ထိပ်သီးအသင်းကြီး (၄) သင်းက ခေါ်ယူဖို့ ကြိုးစားနေပြီး ကစားသမားရဲ့ တန်ဖိုးကတော့ ပေါင်သန်း (၄၀) ခန့် ရှိနိုင်တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD