AD
AD
AD

ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူ အလာဘာကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းဟာ စတင်ကြိုးစားနေပြီလို့ သိရပါတယ်။ အလာဘာကို ခေါ်ယူပေးဖို့အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက အသင်းရဲ့ အဓိကကစားသမား မက်ဆီက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

play

 

သတင်းများရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအနေနဲ့ အလာဘာကို ခေါ်ယူဖို့ ယူရိုသန်း ၅၀ အပြင် အသင်းရဲ့ ကွင်းလယ်လူ အန်ဒရီဂိုမက်စ်ကိုပါ အလိုက်ပေးကမ်းလှမ်းသွားဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။ အလာဘာကတော့ ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲမှာ တစ်ဦးအပါဝင်ဖြစ်ပြီး ဘိုင်ယန်အတွက် ပွဲပေါင်း (၃၀၀) အထိ ကစားပေးထားသူ ဖြစ်ပါတယ်။

play

 

အလာဘာရဲ့ ခံစစ်၊ တိုက်စစ် ကစားနိုင်တဲ့ စွမ်းရည်အပေါ်မှာ ဘာစီလိုနာ သဘောကျနှစ်ခြိုက်နေတာဖြစ်ပြီး လီယွန်နယ်မက်ဆီရဲ့ တောင်းဆိုမှုကလည်း အလာဘာကို ခေါ်ယူဖို့ တွန်းအားတစ်ခု ဖြစ်လာခဲ့ဖွယ် ရှိပါတယ်။

play

 

 ဘိုင်ယန်မြူးနစ်မှာ (၁၀) နှစ်ကြာ ကစားနေပြီး လက်ရှိအချိန်ထိလည်း အသင်းရဲ့ အဓိကကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ အလာဘာအတွက်တော့ ကွဲပြားခြားနားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် အခွင့်အရေး ရရှိလာပြီလည်း ဖြစ်ပါတယ်။

play

 

အန်ဒရီဂိုမက်စ်ကတော့ ဘာစီလိုနာမှာ ပုံမှန်နေရာရဖို့ ခက်ခဲစွာ ရုန်းကန်နေခဲ့ရပြီး ဗလင်စီယာအသင်းမှ ယူရို၃၅သန်း နဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသင်းအတွက် ပွဲအနည်းငယ်သာ ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။

play

 

 ဘိုင်ယန်မြူးနစ်ကတော့ အသင်းရဲ့ အမာခံကစားသမားကို အလွယ်တကူ လက်လွတ်ခံဖွယ်မရှိပဲ အလာဘာနဲ့ဘိုင်ယန်မြူးနစ်တို့ဟာ ၂၀၂၁ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသေးတယ်လို့ သိရပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD