AD
AD
AD

ဧပြီ (၁၀)ရက်၊ အင်္ဂါနေ့ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများနဲ့ အခြားသတင်းများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

play

 

- ၀က်စ်ဟမ်းတိုက်စစ်မှူး အန်ဒီကာရိုးလ်ကတော့ ရာသီကုန်နောက်ဆုံးပွဲစဉ် (၆) ပွဲစလုံးကို ၀င်ရောက်ကစားနိုင်ဖို့ ကြံ့ခိုင်မှုပြည့်ဝနေပြီလို့ Daily Mirror က ဖော်ပြခဲ့ပါတယ်။

play

 

- လိုက်ဇစ်အသင်းမှ နောက်ခံလူ အပ်ပါမီကာနိုကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းဟာ ယူရိုသန်း ၁၀၀ အထိ အသုံးပြုဖို့ ပြင်ဆင်နေကြောင်း Telefoot ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

play

 

- ချယ်လ်ဆီးအသင်းမှာ ရုန်းကန်နေရတဲ့ မိုရာတာကို အသင်းဟောင်း ဂျူဗင်တပ်စ်က ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၄ မှ ၂၀၁၆ အထိ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟာ ချယ်လ်ဆီးမှာတော့ ဂိုးရရှိဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

play

 

- မန်ယူတိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်ဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိမှု နည်းပါးခြင်းအပေါ် စိတ်ပျက်နေပြီး အသင်းမှ ထွက်ခွာဖို့အတွက် စဉ်းစားနေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

play

 

- Don Balon ရဲ့ ရေးသားမှုအရ အက်သလက်တီကို ဂိုးသမား အော့ဘလက်ခ်ကို ခေါ်ယူဖို့အတွက် ကလပ်အသင်း (၃)သင်းက စိတ်ဝင်စားနေပြီးတော့ ပီအက်စ်ဂျီ၊ ချယ်လ်ဆီး နဲ့ မန်ယူအသင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

play

 

- ၀က်ဘရွန်းစ်အသင်းတိုက်စစ်မှူး ဆော်လမွန်ရွန်ဒွန်ဟာ အကယ်၍ အသင်းတန်းဆင်းခဲ့ပါက နွေရာသီမှာ အသင်းက ထွက်ခွာဖွယ်ရှိနေပြီး ရွန်ဒွန်ရဲ့ တန်ကြေးဟာ ပေါင် ၁၆.၅သန်း ရှိတယ်လို့လည်း သိရပါတယ်။

play

 

- ၀က်စ်ဟမ်းတိုက်စစ်မှူး ဟာနန်ဒက်ဇ်ဟာ အသင်းကထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် ဟာနန်ဒက်ဇ်ဟာ ပုံမှန်ပွဲထွက်ခွင့်မရရှိမှုအပေါ် စိတ်ပျက်နေတယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD