AD
AD
AD

မန်စီးတီးကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမကျော့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပေါင်ခြံ ဒဏ်ရာကြောင့် လီဗာပူး တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အနားယူနေခဲ့ရပြီး လက်ရှိမှာတော့ ဒဏ်ရာက ပြန်လည်သက်သာလာခဲ့ပါ ပြီ။

play

 

ဆာလာဟာ မန်စီးတီးနဲ့ ချနပ်ီယံလိဂ် ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သူလည်း ဖြစ်ပြီး ၅၂ မိနစ်မှာတော့ ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲခံခဲ့ရသူဖြစ်ပါတယ်။

play

 

အဆိုပါ ဒဏ်ရာကြောင့် ဆာလာဟာ အဲဗာတန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီပွဲကို လွဲချော်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အစောပိုင်းက လီဗာပူးအသင်း မန်နေဂျာ ဂျာဂျင်ကလော့ပ်က -" ဆာလာ ချန်ပီယံလိဂ် ဒုအကျော့အတွက် အကောင်းဆုံး ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။ ဆာလာအနေနဲ့လည်း ပြီးခဲ့တဲ့ နေ့လည်က လုပ်ခဲ့တဲ့အသင်းလေ့ကျင့်ရေးမှာ ပူးပေါင်းနိုင်ခဲ့ပါတယ်။" လို့ ပြော ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၁၀၀ ရာခိုင်နှုန်းတော့ ၎င်းရဲ့ ကြံ့ခိုင်မှုကို အာမမခံနိုင်သေးကြောင်းနှင့် မနေ့က အချိန်ထိတော့ ကြံ့ခိုင်ရေး နည်းပြနဲ့ သီးသန့် လေ့ကျင့်ရတဲ့ အပိုင်းတွေ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေး ပုံရိပ်တွေအရ ဆာလာမှာ လန်းဆန်းတက်ကြွနေတဲ့ ဟန်ပန်ကို မြင်တွေ့နေရပြီး မန်စီးတီးနဲ့ပွဲမှာ ပါဝင်လာနိုင် မယ်လို့လည်း ဗြိတိန် မီဒီယာတွေက ခန့်မှန်းနေကြပါတယ်။

မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့မှာ ယနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက် ၁ နာရီ ၁၅ မိနစ်)အချိန်မှာ မန်စီးတီးအသင်းရဲ့ အိမ် ကွင်း အီတီဟတ် ကွင်းအတွင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD